အစက ဝါးနင်းမလို့ ဝါးနင်းတာတော်တော်များနေတော့ မနင်းတော့ဘူး ချိုချိုလေးဘဲဆက်သွားကြရအောင် ကိုယ့်အချစ်တို့
.
.
.
.
.
.
.
.
နေရောင်ခြည်ဟာ ထယ်ယောင်းမျက်နှာပေါ်ထိုးကျလာသည် ဘေးဘီဝဲကြည့်တော့လည်း အီသန်ဟာ ကုတင်ပေါ်တွင်ရှိမနေ နာရီကိုတစ်ချက်ကြည့်မိတော့ ၈နာရီပင်ထိုးသွားသည် ထယ်ယောင်းညက ပင်ပန်းခဲ့သည်မို့ တော်တော်နှင့်အိပ်ပျော်သွားသည်ထင် ကိစ္စမရှိ ဒီနေ့ ကဲလ်ဗင်လေးက ကျောင်းပိတ်သည်
ရေမိုးချိုးအောက်ထပ်ကိုဆင်းတော့ ဧည့်ခန်းက ဆိုဖာပေါ်တွင် ဂိမ်းဆော့နေသော သားအဖနှစ်ယောက်
"မင်းတို့ တစ်နေ့တစ်နေ့အဲ့ဂိမ်းဘဲဆော့နေမှာလား"
"ပါးပါးကလည်းဂျာ ဂိမ်းချော့တာကို အကျစ်ဂျောနေတာ"
"နရင်းပိတ်အုပ်လိုက်လို့အပစ်ပြောတယ်ဖြစ်နေမယ်"
"ထယ်ကလည်းကွာ တစ်ခါတစ်လေဆော့တာကို"
"ဘာတစ်ခါတစ်လေ မင်းတို့တစ်ခါတစ်လေက နေ့တိုင်းဖြစ်နေပြီ မနက်ဆော့ရင်ဆော့မဆော့ရင်ညဆော့တယ်"
"ဂျွန်ကဲလ်ဗင်"
"ဂျာပါးပါး"
"လာပါးပါးနဲ့ ပဲခေါက်ဆွဲလုပ်စားမယ်"
"ထယ်ယောင်းမောင်ကကော မောင်ကကောလို့!!"
"ကိုယ့်ပါကိုယ်လုပ်စားပေါ့"
"ရားးးဂျွန်ကဲလ်ဗင် အဲ့ဒါမင်းရှိနေလို့ ငါ့ကိုမကျွေးတာ"
"ဘာမကျွေးတာလည်း"
"ပဲ ခေါက် ဆွဲလို့"
"စားချင်ရင် လိုက်ခဲ့မစားချင်ရင်တော့နေခဲ့"
"နားညီးတယ် တားတွားပြီ ဒယ်ဒီတို့နေခဲ့ကျ"
"ဂျွန်ကဲလ်ဗင်!!"
"နားညီယို့ပါ ပါးပါးရာ အေးအေးစေးစေးနေချင်ယို့ပါ"
ဝုန်း!!!
တံခါးကို ဆောင့်ကြီး အောင့်ကြီး ပိတ်ကာ မီးဖိုခန်းထဲ ၀င်သွားသော ကဲလ်ဗင်လေးကို ဂျွန်အီသန်တို့ လင်လင်မှာ အကြောင်သား
"ပါးပါး ခလေးလေး"
"ယာနဲ့ တွား!"
"အိုက်ဂူး ဂျွန်အီသန်ပေါက်စက ပါးပါးကို စိတ်ဆိုးနေတာပေါ့"
