🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 5"Juicy "
"Juicy လာဦး "
ပြေပြစ်ခေါ်လိုက်တာနဲ့ Juicyဟာ လှဲအိပ်နေရာကနေ ချက်ချင်း ထပြေးလာလေသည်။ဒီကောင့်ကိုယ်ကြီးကို မနည်းမကာပွေ့ချီလိုက်ပြီး ပြတင်းပေါက်ကနေ လက်ညိုးထိုးကာ ညွှန်ပြလိုက်သည်...
"Juicy ဟိုး...မှာ ဟိုကောင်မလေးကို မြင်လား "
ခေါင်းရင်းခြံထောင့်က ခရေပင်ကြီးအောက်မှာ ခရေပန်းကောက်နေသော ကောင်မလေးကို သူ လက်ညိုး ထိုးပြလိုက်ပြီး....
"မင်းသူ့ကို သိပါတယ် အိမ်ကို ရောက်နေတဲ့တစ်ယောက်လေကွာ"
"အု"
"ငါနဲ့ ယူရမယ်ဆိုတဲ့တစ်ယောက်ပေါ့....သူကလေ မင်းကို ကြောက်လို့တဲ့ "
"ငါကကွာ သူ့ကို မယူချင်ဘူး အဲဒီတော့သားကြီးက ကူညီဦး ဟုတ်ပလား"
"သားကြီးက သူ့ကို နည်းနည်းလောက် စိတ်ရှုပ်အောင် လုပ်ပေးကွာနော် ကြောက်သွားအောင် လုပ်လိုက် ငါ့သားကြီးရဲ့ဇကို ပြလိုက် ကြားလား "
Juicy နဲ့အတူ ခပ်တည်တည် အောက်ဆင်းလာကာ သူကတော့ တရုတ်စံကားပင်အောက်က ဒါန်းပေါ်မှာ ဝင်ထိုင်လိုက်ပြီး...
"Go ...Juicy ''
လိမ္မာလှတဲ့သားကြီးဟာ သူ့ဖင်ကို တစ်ချက်ပုတ်လိုက်တာနဲ့ တစ်ရှိန်ထိုး ပြေးသွားပြီး ခင်ခင်ရွယ်ကိုးအနားကို ရောက်တာနဲ့ ဘရိတ်အုပ်သလို ရပ်တန့်သွားကာ ...
"ဝုတ် "
ဟိုတစ်ယောက်က အတော်ကြီး လန့်သွားဟန်တူကာ လက်ထဲက ခရေပွင့်ထည့်ထားတဲ့ ဇကာလေးပါ မှောက်ကျသွားပြီး ခြေလှမ်းတွေက ယိုင်နဲ့ကာ အနောက်ကို ဆုတ်သွားလေသည်...သို့ပေမယ့် သရုပ်ပျက်လောက်အောင်တော့ မအော်လာခဲ့...သူထင်တာက ကြောက်လန့်ပြီး အဖေအမေ တ မယ် တောက သူ့ဆွေမျိုးတွေ ကိုတလိမ့်မယ်လို့ ထင်ထားတာလေ...
သို့ပေမယ့် ဒီသောက်ကလေးက အလွန်အင်မတန်ကို အိန္ဒြေရှိရှိလေးနဲ့ ကြောက်နေလေသည်...တကယ်ဆို ငိုကြီးချက်မနဲ့ ကြောက်ပါပြီရဲ့ဆိုပြီး အော်ငိုနေရတော့မှာ မဟုတ်ဘူးလား ...ဒီမှာ ရယ်ပွဲဖွဲ့ဖို့ အားခဲထားတဲ့လူက မရယ်နိုင်ဘဲ ဖြစ်နေရပြီ...

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025