အပိုင်း(၃၁)

12.7K 653 108
                                    

Unicode


🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၃၁)🌾

ရှေ့ကလျှောက်နေသူက ဘယ်ထိလျှောက်နေသလဲ ငြိမ်းဝေမသိသလို မေးလဲ မမေးကြည့်ရဲ။တဖြည်းဖြည်းချင်း ရွာအပြင်ဘက်က လယ်ကွင်းတွေဘက်ဦးတည်လာသည့် သူတို့ကြားမှာ စကားသံတိတ်ဆိတ်လျှက်။ငြိမ်းဝေ၏ရှုပ်ထွေးနေသည့် စိတ်အစုံက အနည်းငယ်မူးနေသေးလို့ပေပဲလားမသိ စိုးရိမ်ပူပန်နေခြင်းမှ ဒေါသဆီကိုကူးပြောင်းလာသည်။

သေချာအပြတ်ငြင်းထားရဲ့သားနဲ့ ကျော်မိုးသိန်း သူ့ကိုဘာကြောင့် ထိုသို့လုပ်ရလဲ ငြိမ်းဝေနားမလည်နိုင်။ဒီလိုတွေမဖြစ်ချင်လို့၊ဒီလိုအပြတ်အပြတ်နဲ့သွေးထွက်ရတဲ့ ဆက်ဆံရေးတွေမဖြစ်ချင်လို့ သူပြတ်ပြတ်သားသား သေချာငြင်းခဲ့တာဖြစ်သည်။ယခုတော့ ထိုသို့သောလုပ်ရပ်ကိုလုပ်ရုံသာမက ကိုဉာဏ်လင်းထည်ရှေ့တွင်ဖြစ်နေတော့ ငြိမ်းဝေ ဘယ်လိုမှကို ခွင့်မလွှတ်နိုင်။‌ဘယ်လိုရည်ရွယ်ချက်မျိုးနှင့် ထိုသို့လုပ်တာပဲဖြစ်ဖြစ် ဘာကိုမှဖြည့်မတွေးပေးချင်တော့။

ရှေ့က‌လျှောက်နေသည့် ဟိုလူကြီးကလည်း သူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်။လှည့်ပါဦး၊ရပ်ပါဦး ဟူ၍လည်း ငြိမ်းဝေမှာမပြောရဲသ‌လို ဟိုဖြစ်ရပ်အတွက်လဲ ဘယ်လိုရှင်းပြရမလဲကိုမသိသဖြင့် ကိုယ့်ဘာသာ ဒေါသတွေထွက်ရင်း တိတ်ဆိတ်နေမိသည်။

သူကြီးတို့လယ်ကွင်းတွေဘက်ရောက်တော့ စပါးခင်းအစပ်နားမှာ တုန့်ခနဲရပ်သွားသူကြောင့် ငြိမ်းဝေ ခြေဆယ်လှမ်းအကွာလောက်ကနေ ရှေ့မတိုးရဲတော့။အနောက်လှည့်ပြီး သူ့ကိုစိုက်ကြည့်လာသူ၏ ထွင်းဖောက်မတတ်မျက်ဝန်းတွေကို မြင်လိုက်ရသည့်အခိုက် ငြိမ်းဝေ အပြစ်ရှိသူလို ခေါင်းငုံ့လိုက်မိပြန်သည်။

"ရင်ငြိမ်းဝေ...”

ထွက်လာသည့်အသံက ကြည်ကြည်ရှင်းရှင်းပဲဖြစ်သော်လည်း ဒေါသတွေ‌ပါနေသလိုခံစားရသဖြင့် ငြိမ်းဝေ လန့်လန့်နဲ့ပဲ မော့ကြည့်လိုက်သည်။
*မဟုတ်မှ မင်းက အဲ့လိုရွံစရာကောင်းတဲ့ ကောင်မျိုးလား ဆိုပြီး သူ့ကို ပိတ်ထိုးမှာတော့ မဟုတ်ဘူးမလား....*
အဲ့လိုတွေးမိတော့ ငြိမ်းဝေ ခြေလှမ်းကို နောက်သုံးလှမ်းလောက် ဆုတ်မိသွားသည်။သူချစ်ရတဲ့သူဆိုတော့ ပြန်လဲထိုးရက်မှမဟုတ်။ပြီးတော့ ထိုလူ့ကိုသူကြောက်လဲကြောက်သည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now