Part _ 4

35.5K 1.3K 211
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 4

"ဟဲ့ ဒါကြီးက ဘာဖြစ်နေလို့လဲ လုပ်မနေစမ်းနဲ့ အခုခေတ်လူငယ်တွေ နင်တို့ အကုန်သိတယ် "

"သိသိဗျာ "

"ဟဲ့ သွားဝယ်ဆိုဝယ် ငါ့အတွက်မဟုတ်ဘူး
နင့်ခင်ခင်လေးအတွက် "

"ဘာ....!! "

"ဪ ဒီကောင်လေး မျက်လုံးပြူးနဲ့ လာအော်နေပြန်ပြီ မိုးသိပ်မချုပ်ခင် သွားတော့ သွား အရေးပေါ်ပါဆို"

"မဝယ်ချင်ဘူးဗျာ ...လုံးဝမဝယ်ပေးနိုင်ဘူး "

"ပြေလေး ရာ"

"လုပ်စမ်းပါ ပြေလေးရယ် ဟိုကလေးမ first time ဘာမှသိနားမလည်တဲ့ပုံ တခြားဘာမှမတွေးနဲ့လေ ဒါကျန်းမာရေးကိစ္စ ညဘက်ကြီးမို့ သားကို တီငယ်က အကူအညီတောင်းရတာ လုပ်စမ်းပါ "

"မင်းဟာလေးက အပျိုလေးဖြစ်ပြီ ဂုဏ်ယူစမ်းပါ "

"ကျွတ်"

တီငယ်ကရွတ်နောက်နောက် စလာတော့ ပြေပြစ်တစ်ယောက် မျက်နှာကြီးရဲသွားရတော့သည်....

ပြေပြစ် အောင့်သက်သက်နဲ့ ထွက်လာခဲ့ရတော့သည်။

"ဒါကြောင့် မိန်းမမယူချင်ဘူးလို့ ပြောနေတဲ့ဟာကို ဇွတ်ကြီး ပေးစားဖို့ လုပ်တယ် အခု ကြည့်စမ်း မလုပ်ဖူးတာတွေ မဝယ်ဖူးတာတွေ မခိုင်းဖူးတာတွေ အခိုင်းခံရပြီ"

"တောက်"

သူ စိတ်တိုတိုနဲ့ convenience store ထဲကို ဝင်သွားပြီး အထဲရောက်ကာမှ တွန့်သွားရသည်။မယောင်မလည်နဲ့ ပတ်ကြည့်လိုက်တော့ တွေ့ပါပြီ တီငယ် ပြောတဲ့ Pad တွေ ....

ကျစ်.... ပြသနာက တံဆိပ်တွေက အများကြီးလေ ငါက ဘယ်ဟာကို ဝယ်သွားရမှာလဲ အရေးထဲမှာ အဲဒီကောင်တာရှေ့က ကောင်မလေးနှစ်ယောက်က ရွေးနေတာ တော်တော်နဲ့ မပြီး....

"ဟဲ့ နင် ညသုံးဖို့ ယူဦးမှာလား"

"အေး ငါက နေ့အတွက် နှစ်ထုတ် ည တစ်ထုတ် ယူမှာ"

"နင်ကလေ လတိုင်း အရမ်း များတယ်နော် ငါဆို ဘယ်တော့မှ တစ်ထုတ် မကုန်ဘူး"

"အေးဟယ် ဒီရက်တွေဆို ငါက စိတ်ကမကြည်တဲ့အပြင် လူကလည်း နှုံးနေရော နင်ပဲ အေးတယ်"

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now