Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၃၀)🌾ယိုင်တိုင်တိုင်အမူးသမားအဖွဲ့ဟာ ပွဲခင်းနားမရောက်ခင် ကြားလိုက်ရသည့် စတိတ်ရှိုးမှ သီချင်းသံကြောင့် အကုန်လုံးက အခြေအနေမဟန်ပေမယ့် ခေါင်းတွေတစ်လှုပ်လှုပ်ဖြင့် ကလျှက်။
ငြိမ်းဝေ စိုးလင်းမောင်ပခုံးကို ဆွဲဖက်ပြီး ကရင်း ဇာတ်စင်ဘေးက ဝါးတွေတန်းထားသည့်နေရာကို ရောက်အောင်သွားလိုက်သည်။တခြားရွာသားတွေကလည်း မူးနေကြသည်မို့ အကုန်လုံးက လက်တွေမြှောက်ပြီး ခေါင်းတစ်လှုပ်လှုပ်ဖြင့် ကနေကြသည်ပင်။
သီချင်းက မြူးကြွနေသည့်အပြင် ဆိုနေသည့်ကောင်မလေးကလည်း ပြုံးလျှက် ကနေသည်မို့ ငြိမ်းဝေသည်လဲ လက်နှစ်ဖက်လုံးမြှောက်လျှက် ယိမ်းနေမိသည်။
“တိမ်တွေပျံလာတာ မော့ကြည့်တော့ အချစ်ဆိုတာ ကောင်းတယ်...
မင်းကြောင့်မို့ မင်းကြောင့်မို့ သီချင်းလေးဆိုချင်တယ်..
မြေပြင်မှာလူတွေ အားလုံးက ပြုံးပျော်နေလားကွယ်..
မင်းကြောင့်မို့ မင်းကြောင့်မို့ ပြုံးလိုက်ကြ ပျော်ရွှင်ကွယ်...”".......”
သီချင်းက ကြားဖူးတာမှန်ပေမယ့် ငြိမ်းဝေရသည့်နေရာဆိုလို့ မင်းကြောင့် မင်းကြောင့်ပါနော် ဆိုသည့် အပိုဒ်ပဲရှိရာ လူက မူးမူးနှင့် ထိုအပိုဒ်ကိုဆိုဖို့ အားခဲထားကာ ထိုအပိုဒ်ကိုစောင့်နေသည့်အချိန် ...
“မင်း ကြောင့် ...”
မိုက်က သူတို့ကာလသားတွေဘက်ထိုးပေးလာသည်မို့ အားခဲထားသော ငြိမ်းဝေတစ်ယောက်..
“မင်းကြောင့်ပါနော်...ဟေးး”
“အရမ်းလဲချစ်တတ်ပြီ...မင်းကြောင့်..”
“မင်းကြောင့်ပါနော်...ဟိုး...”
“လွမ်းလဲလွမ်းတတ်ပြီ...ရင်ခုန်သံတွေ သိပ်မြန်...
ပြန်လာပါတော့ကွယ်...အသဲနှလုံး လှိုက်လို့...”“ခုန် ခုန် ဟေး...”
“မင်းကြောင့် သောက်တတ်ပြီ...ဂေ့”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း