P-10

2.7K 61 1
                                        

I’m at your feet
Part – 10

“ စိုင်း...စိုင်း ကလေး ထတော့လေ။ “
“ ဟာ....ဘာလဲဗျာ အိပ်ရေးမဝသေးပါဘူးဆို။ ကျစ်...ကျုပ် အိပ်ဦးမှာ။ “

ခေါင်းအုံး‌ပေါ်မျက်နှာအပ်ကာ အတင်းမှောက်အိပ်နေသည့် ပုံစံကြောင့် သူ အသာပြုံးမိရင်းမှ ...

“ ကိုယ် ဟိုဘက်ကမ်းမှာ သွားရိုက်ရမှာ မင်းမလိုက်ဘူးလား။ “
“ ....”
“ ဒါဆိုလဲ အိပ်ဦး...မနက်ကျ စောစောပြန်လာမယ်။ “
“ ဟမ်..ဘာလို့ မနက်လဲ။ “

ဝုန်းခနဲ ထထိုင်လာရငး် သူ့ကိုမေးလာသည့်ပုံစံကြောင့် သူ ပြုံးလိုက်ရင်းမှ....

“ ဇာတ်သိမ်းရိုက်ရမှာလေ။ ညဘက်ပါ ရိုက်ရမှာ။ “
“ ခဏစောင့်....။”

အိပ်ယာထဲမှ လူးလဲထသွားသည်မို့ သူ အိပ်ယာသိမ်းလိုက်သလို အပြင်ဘက်ထွက်လာခဲ့သည်။ ခြံထဲရောက်တော့ အပေါ်ထပ်က ဆင်းလာသည့် ကိုနေသော်တို့ကို မြင်လိုက်ရသလို သူ့ကိုမြင်တော့...

“ ရေထဲမှာ ရိုက်ရမှာဆိုတော့ တဘက်တွေထည့်ခဲ့တယ်။ ကိုဥတုလိုလဲ ပြောနော်။ “
“ ကိုယ့်မှာလဲ ပါပါတယ်။ ဇာတ်သိမ်းဆိုတော့ ဒါရိုက်တာကြီးက အသေခိုင်းမယ့်ပုံပဲ။ “
“ ကျွန်တော်က ရေကူးသိပ်မကျွမ်းလို့ စိုးရိမ်နေတာ ။ ကြိုးတွေပါတယ်ဆိုမှ နည်နည်း စိတ်သက်သာသွားတာ။ “

သူ ပြုံးလိုက်မိသလို ဒီကားထဲမှာ သူနဲ့ နေသော်က ညီအစ်ကိုဖြစ်ကာ နေသော်က သေရမည့်အခန်းပင်။ နေသော်စိတ်ပူမည်ဆိုလဲ ပူမှာပင် ။ မြစ်က ရေစီးသန်သလို ညထဲက စက်အဖွဲ့သားတွေ နေရာပြင်ကာ ကြိုးတွေပြင်နေကြရသည်။

စိုင်းစွမ်းရည် အိမ်ထဲမှ ထွက်လာသလို သူ့လူအနားဝင်ရပ်လိုက်သည်။ ကိုရဲကိုက လက်ထဲအထုပ်တွေများနေတာမို့ သူ ဆွဲကူပေးလိုက်သလို  ပူရသည့်အထဲအင်္ကျီကို ကြယ်သီးအပြည့်တပ်ထားရသည့် ဒုက္ခကလဲ မသေးပေ။ ဒါ ဟိုလူ့ကြောင့်။

ရွာကနေ သမ္ဗန်စီးသွားရသလို ဟိုဖက်ကမ်းက သဲသောင်ပေါ် တစ်နေကုန်ရိုက်ကြရသည် ။ ပူလိုက်သည့် သဲတွေဆိုတာ နေ့ခင်းရောက်လေ နေပူရှိန်က ပြင်းလေပင်။ ကိုယ့်လူကို ကြည့်ရင်း သနားလဲသနားသလို ဒီလောက်တောင် ခိုင်းရသလားဆိုပြီး ဒါရိုက်တာလဲ ကျေနပ်မနေ။

You've reached the end of published parts.

⏰ Last updated: Feb 23, 2025 ⏰

Add this story to your Library to get notified about new parts!

💗 I'm at your feet 💗Where stories live. Discover now