လူတစ်ယောက်ရဲ့ ဘဝမှာ တချို့ အမှားတွေက ဘယ်တော့မှ ပြင်ဆင်မရတော့တာလား
မာန့်အတွက်ရော ဘယ်လိုမှ ပြင်ဆင်ဖို့ မဖြစ်နိုင်တော့ဘူးလား ...
ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်း မာန့်ရဲ့ ရင်တွေပူလာရသည်။ လမင်းကြီးက အေးချမ်းသလောက် သူ့ရင်ကဘာလို့ အဲ့လောက် ပူနေရတာပါလိမ့် ... နေ့လယ်က ဖြူပြောခဲ့တဲ့ စကားတွေက သူရဲ့ ရင်ထဲကို ဆူးချွန်တွေနဲ့ ထိုးနေသလိုပါပဲ ဘယ်လိုနည်းနဲ့ သူက သူမတို့ကို လက်လွှတ်နိုင်မှာလဲ၊ ဘယ်လိုနည်းနဲ့များ ...
သူရပ်နေတဲ့ ဝရံတာ နောက်ကနေ ခြေသံဖွဖွလေးကြားလိုက်တာမို့ မာန်လှည့်ကြည့်လိုက်တော့ ညဝတ် မစ်ကီးမောက်စ် ဝမ်းဆက်လေးနဲ့ သမီးလေးက သူ့ကို ရပ်ကြည့်နေလေသည်။
"သမီး အိပ်သေးဘူးလား၊ ပါပါးက သမီးအိပ်သွားပြီမှတ်တာ၊ သမီးလေး မေမေ မသိအောင်ထွက်လာတာလား "
မာန် သူ့ဘက်က အားတက်သရော ပြောနေပေမယ့် စကားသံလေးထွက်မလာတဲ့ သမီးလေးကြောင့် စိတ်ဓာတ်ကျသွားရသည်။ သို့သော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ မျက်နှာအနေအထားကို ပြင်လိုက်ရသည် ။
သမီးလေးက သူ့ရဲ့ အနားကို လျှောက်လာပြီး သူ့ရဲ့ လက်ကို လှမ်းဆွဲလိုက်တာကြောင့် မာန့်ခမျာ သမီးလေး ခေါ်တဲ့နောက်ကို ပါသွားသည်။
သမီးလေးက သူ့အခန်းတံခါးလေးကို ဖွင့်ပြီး ကုတင်ကို မေးငေါ့ပြတဲ့အခါ မာန်သမီးလေးရဲ့ ဆန္ဒကို နားလည်သွားရသည်။ ကုတင်ပေါ်မှာ စောင်းစောင်းလေးအိပ်နေတဲ့ ဖြူ့ကို ကြည့်ပြီး သမီးလေးကို တစ်ချက်ပြန်လှည့်ကြည့်တော့ သူ့ကို ပြုံးပြနေတာကို မြင်လိုက်ရသည် ...
သမီးလေးကုတင်ပေါ်တက်ပြီး သူ့ကိုခေါ်တဲ့အချိန်မှာ သူ့ခြေလှမ်းတွေက ရပ်တန့်နေမိသည်။ သူက ဒီလိုအခိုက်အတန့်မျိုးတွေနဲ့ ထိုက်တန်တဲ့သူလား ... သူတကယ်ပဲ သူမလေးတို့ကို ဆွဲထားနိုင်ရဲ့လား ...မာန့်ရဲ့ သံသယတေွအားလုံးက ညအိပ်မီးရောင်အောက်မှ တောက်ပနေတဲ့ သမီးဖြစ်သူရဲ့ မျက်ဝန်းလေးတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ အကုန်ကင်းရှင်းသွားရသည်။ သူဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ပေ၊ ဘယ်လိုနည်းနဲ့ဖြစ်စေ သူ့အနားကို သူမပြန်လာအောက်ကြိုးစားကြည့်ချင်သေးသည်။

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...