အပိုင်း(၂၉)

10.9K 591 40
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၂၉)🌾

“ဟေ့ရောင် ဂျွန်စော..ဒီညကနေစပြီး ဖိုးချစ်ကမှာတဲ့ကွ..မင်း မင်းအမေနဲ့ လာကြည့်မှာမလား..“

“အေးပေါ့ကွ ငါ့အမေကလိုက်ပြမယ်ပြောထားတယ်...မုန့်တွေလဲ ဝယ်ကျွေးမှာ...”
ဂျွန်စော သူ့ကိုလာကြွားနေ‌သည့် တောင်ပိုင်းက ပေသီးကိုကြည့်ပြီးပြောလိုက်သည်။

“ငါ့အမေရောပဲ ငါတို့ညနေကတည်းက နေရာသွားဦးကြမှာ..”

“မင်း နေရာဦးရင် ငါ့ဖို့ရော ဦးထားပေးဦး...”

“အေး ဦးထားပေးမယ်..”

“အေး...”

“ငါ ဘုန်းကြီးကျောင်းထဲ ဒိုးသွားပစ်မလို့ မင်းလိုက်ဦးမလား...”

“မလိုက်တော့ဘူး ငါ့အမေက ငပိဝယ်ခိုင်းလိုက်တာ ပြန်သွားပေးရဦးမှာကွ..”

“ဆော့ပြီးမှ သွားပေးလိုက်လေ ငါတို့ဆော့ပြီးရင် ဇာတ်စင်ဆောက်နေတဲ့ဆီ သွားကြည့်ဦးမှာဟ..”

“ငါအမေက ဟင်းချက်နေတုန်း မင်းတို့နဲ့ အလေလိုက်နေလို့မဖြစ်ဘူး မဟုတ်လဲ ညကျ ဇာတ်စင်ရော ဇာတ်မင်းသားရော ကြည့်ရမှာပဲ ဇာတ်စင်ကြီးတော့ အားအားယားယား တကူးတကသွားကြည့်မနေချင်ပါဘူး...”

“မင်း မလိုက်လဲ ပြီးတာပဲကွာ နွေစံငြိမ်းလဲ ငါတို့နဲ့လိုက်မှာမို့ မင်းကိုပြောတာ..”

“နွေစံငြိမ်းက ဘယ်သူတုန်း...”

“သူကြီး တူမလေ...မြို့ကအလည်လာတာ ချစ်စရာကောင်းချက် ဖွေးဥနေတာပဲကွ...မင်း မသိဘူးလား...”

“အော်..မသိဘူး သွားပြီ ပေသီး..”

ဂျွန်စောအောင် ပြောပြီးသည်နှင့် ငပိထုပ်လေးကိုင်ကာထွက်လာလိုက်သည်။ဒီငပိထုပ်ကို မမစိမ်း မရှိတဲ့အချိန်မို့သာ သူသွားဝယ်တာဖြစ်သည်။မဟုတ်လျှင် မမစိမ်းကိုမြင်တာနှင့် ငိုချင်မိတာမို့ မတွေ့အောင်ဘဲ ရှောင်နေမိသည်။အချစ်ဆိုတာ ဒီလိုပဲ ငိုရ ရှောင်ရတာလားဟု ဘကြီးကိုမေးတော့ အချစ်က လိုက်လေ ပြေးလေဟုပြောသည်။ဘကြီးက သူ့ကိုညာနေတာပင်။မမစိမ်းက ပြေးလဲမပြေး လိုက်လဲမလိုက်။
မမစိမ်းက သူ့ဘာသာပဲ ဟိုနှာဗူးကြီးနှင့် ပျော်နေပြီဖြစ်သည်။ဒီဘဝတော့ ဂျွန်စော လူပျိုကြီးလုပ်ကာ အသက်ကြီးလျှင် ဘုန်းကြီးပဲဝတ်တော့မည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now