🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 3"ပြောတော့ ပေါ်လာမယ်ဆိုပြီး နှစ်ကောင်သား လာတာလည်း မဟုတ်ဘူး ငါ့မှာ ဆိုင်တောင်မထိုင်ဘဲ ရောက်လာရတဲ့ဟာကို "
သော်ငြိမ်းက ပြောလိုက်တော့ အံ့ထူးကိုက မေးငေါ့ပြလိုက်ပြီး...
"မင်း အဖေက အတန်းချိန်အပြည့် မတက်စဖူးတွေ ထတက်နေတယ်လေ "
မြတ်သော်ငြိမ်းက မျက်ခုံးပင့်သွားရင်း...
"ဟ ဒီကောင် အချိုးပြောင်းပြီး လိမ္မာလို့ပါလား "
"ဘာမှ မလိမ္မာဘူး ကျလည်း မိန်းမယူရမယ် မကျလည်းမိန်းမယူရမယ့်အတူတူ စာလုပ်နေတာကမှ စိတ်တည်ငြိမ်ဦးမယ်"
ပြေပြစ်ဂုဏ်ရောင်က စီးကရက်ကို တစ်ချက်ဖွာလိုက်ရင်း မျက်နှာက ခပ်နွမ်းနွမ်းဖြစ်နေတော့
အံ့ထူးကိုက မျက်ခုံးတွေပင့်ပြီး သရော်တော်တော် မျက်နှာပေးနဲ့ ..."စိတ်မတည်ငြိမ်ဘူးဆိုတော့ ဟာ ... ပြေကြီး မင်းကွာ စကားကြီးစကားကျယ်တွေ ပြောထားခဲ့ပြီးတော့ ဘာလဲ အခု ခင်ခင်ရွယ်ကိုးဆိုတဲ့ ကောင်မလေးကို စမြင်တာနဲ့ ကြွေသွားရောလား အဟား.. ပြေကြီးရာ မင်းအစား ငါရှက်လိုက်တာ "
သောက်နေတဲ့ စီးကရက်တိုဖြင့် အံ့ထူးကို ပစ်ပေါက်တော့ ခွေးသားလေးက တဟားဟားရယ်ရင်း ရှောင်တိမ်းလိုက်သည်....
"မင်းအဖေ ငါက သူ့ကို ကြွေမယ် ဟုတ်လား
ဝေးသေး""မချောဘူးလား ပြေကြီး"
"ချောတာတွေ လှတာတွေ ငါမသိဘူး သူလှလည်း ငါစိတ်မဝင်စားဘူး ရုပ်ဆိုးလည်း စိတ်မဝင်စားဘူး ဘယ်လိုပုံဖြစ်ဖြစ်ကွာ စိတ်ကို မဝင်စားဘူး"
"မင်းက ဘာဖြစ်ချင်နေတာလဲ "
"ငါ သူ့ကို မယူချင်ဘူး ....ဘာဖြစ်လို့လဲ
သိလား.. ပြေပြစ်ဂုဏ်ရောင်ဆိုတဲ့ငါက အိမ်ကပေးစားမှ မိန်းမရမယ့် ခပ်ပေါပေါ ခပ်ချာချာကောင် မဟုတ်ဘူးကွ....ငါ့အရည်အချင်းနဲ့ငါ မိန်းမတစ်ယောက်တော့ ရအောင်ယူနိုင်ပါတယ်""မင်းပြောတာကလည်း ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့် မင်းရဲ့ မဟေသီလောင်းက အခု အိမ်ကိုတောင် ရောက်နေပြီလေ ဒါတွေ ပြောနေလည်း မင်းစိတ်ညစ်ရရုံပဲ ရှိမှာပေါ့ကွ "

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025