Part _ 2

34.8K 1.3K 97
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 2

"အန်တီမာရယ် ဖေဖေ ပြောသလို တစ်ရက်နှစ်ရက်လောက် ထပ်နေပါဦးလား ....ကလေးလည်း နေသားကျသွားအောင်ပေါ့ ....မဟုတ်ရင် စိမ်းနေဦးမယ်"

မြေး ခင်ခင်ရွယ်ကိုးလေးကို သူနေရမယ့် အခန်းထဲကို ပို့ပြီးချိန်မှာတော့ ဧည့်ခန်းထဲမှာ ယောက်ျားသားတွေ ဘယ်သူမှ မရှိတော့ဘဲ
ဒေါ်တင်မာနွယ်အနားမှာ ဦးစံရွှေမောင်ရဲ့သမီးနှစ်ယောက်သာ ရှိလေသည်....

ဒေါ်မြကျောက်က ဒေါ်တင်မာနွယ်ကို ရက်အနည်းငယ် ထပ်နေဖို့ ပြောတော့ .....

"တမင် မနေတာ သမီးမြကျောက်ရဲ့"

"ရှင် ဘာလို့လဲ အန်တီမာ
အဆင်မပြေတာများ ရှိလို့လား "

"အဲဲဲဒီလို့လည်း မဟုတ်ပါဘူးသမီးရယ်...တမင်ဆိုတာကလည်း ခင်ခင့်အတွက်ပါ "

"ဟုတ်"

"သူလေးက ဒီနေ့ဒီအချိန်ကစပြီးတော့ ဒီအိမ်ကြီးမှာ ဒီက မိသားစုဝင်တွေနဲ့ ပိုပြီးတော့ သင့်မြတ်ရင်းနှီးအောင် နေတတ်ရတော့မယ်လေ အန်တီတို့ကို သတိရတာတွေ လွမ်းတာတွေ အဲဒီခံစားချက်တွေကို ဘေးချိတ်ပြီးတော့ သူနေနိုင်ရမယ် ... ဒီနေ့က သူ့အတွက် ဘဝအစပဲ ....မောင်ပြေပြစ်နဲ့လည်း သင့်မြတ်ရမယ် အန်တီသူ့ကို အများကြီး သင်ပေးထားပါတယ် "

"ကလေးက ငယ်ပါသေးတယ် အန်တီရယ် "

"ငယ်သေးပေမယ်လို့ ဘဝကလေးက မလှဘူးလေကွယ်။မြေးလေးက မိဘမဲ့ အဘွားဖြစ်တဲ့
အန်တီကလည်း သမီးတို့အဖေနဲ့ သက်တူရွယ်တူ အချိန်မရွေး ဘဝကူးသွားနိုင်တယ်သမီးရဲ့..."

"အာ အန်တီမာကလည်း မဟုတ်တာ"

"အန်တီက သွေးတိုးရှိတယ်သမီးရဲ့ တစ်ခါတစ်ခါဖြစ်ရင် တုံးကနဲလဲရော....မောင်မောင်ကလည်း အခုချိန်ထိ လူပျိုကြီးဆိုပေမယ့် သူက ကံထပြီး မိန်းမကောက်ယူလိုက်ရင် ဒီကလေးက တစ်ယောက်တည်း ဖြစ်နေမှာလေ...."

"ရွာက ဆွေမျိုးတွေကလည်း အပြိုင်အဆိုင်တွေပါကွယ် ခင်ခင်ကလေးကို မေးငေါ့ချင်ကြတယ်လေ သားသမီးဆုံးမရင်တောင် ဟိုမိဘမဲ့ကိုကြည့် အဘွားကကျွေးမွေးထားလို့သာ ဒီလိုနေရတာ ဘာညာဆိုတာမျိုးတွေ သိပ်ကဲ့ရဲ့ချင် နှိမ်ချင်ကြတာ"

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now