Uni
"အပိုင်း ၆"
"ညည်းက ငါ့သားကို ကွာရှင်းချင်ရအောင် အကြောင်းပြချက်က ဘာလဲ"
ဘယ်တော့မှ နွယ်နှင့် မျက်နှာချင်းမဆိုင်ခဲ့သည့် ယောက္ခမသည် သူမ၏ သားနှင့် ကွာရှင်းမည်ဟူသော သတင်းကို ကြားသည်အခါ နွယ်ထံသို့ ရောက်လာကာ မေးခွန်းထုတ်နေပြန်သည်။ နွယ်သည် ယောက္ခမကို သနားစရာ အမျိုးသမီး တစ်ယောက်လို ကြည့်ပြီး
"ကိုယ့်သားသမီး ဘယ်လို အလုပ်မျိုး လုပ်နေသလဲတောင် မသိတဲ့ အန်တီဟာ သိပ်သနားစရာ ကောင်းနေပါလား"
သူမကို သနားစရာလူတစ်ယောက်လို ကြည့်ပြီး စကားပြောလာသည် ချွေးမဖြစ်သူကြောင့် ဒေါ်ဇာခြည်ဦး၏ မျက်နှာမှာ ဒေါသများ ဖြစ်နေရသည်။
"ညည်းက ငါ့ သားကို မကောင်းပြောချင်တာလား"
"အဟွန့်"
နွယ်သည် နှုတ်ခမ်းတွန့်ရုံရယ်လိုက်ပြီး ဒေါ်ဇာခြည်ဦး ၏ မျက်နှာကို သေချာ စိုက်ကြည့်ပစ်လိုက်သည်။
"အန်တီရဲ့ သားကို ကျွန်မက မကောင်းပြောတာ မဟုတ်ဘူး။ အရှိကို အရှိတိုင်း မြင်မိတာကို ပြောတာ။ အန်တီသား ရှုပ်ထားတဲ့ ဇယားတွေကြောင့် အန်တီသားလို ကောင်ကို ခယပြီး ပေါင်းပါလို့ ကန်တော့ပွဲနဲ့ တောင်းပန်ရင်တောင် ကျွန်မက ပေါင်းမှာမဟုတ်ဘူး။ စည်းမစောင့်တတ်တဲ့ ယောကျာ်းမျိုးကို ရွံလွန်းလို့"
"ညည်းက အခုတော့ ဒီစကားပြောပြီပေါ့။ ညည်းပဲ ခိုင်းကောင်းတုန်းက ကျုပ်သားကို နွားလို ခိုင်းလာခဲ့တာ မဟုတ်ဘူးလား"
"သြော် နွားလိုခိုင်းခဲ့တာတဲ့လား၊ အဟင့်.....အဟင့်.....အဟင့်"
နွယ့် နှုတ်ဖျားမှ တိုးတိုးရေရွတ်လိုက်မိပြီး နွယ်သည် ဟက်ဟက်ပက်ပက်ရယ်ချလိုက်မိသည်။ ထိုနောက် ဒေါ်ဇာခြည်ဦး မျက်နှာကို စေ့စေ့ကြည့်ပြီး
"တကယ်တမ်းက နွားလုပ်ခံနေရတာ ရှင့်သား မဟုတ်ဘူး ကျွန်မ ဖြစ်နေတာ။ အဲလို နွားဖြစ်ခံခဲ့တာကလဲ မသိလို့ မဟုတ်ဘူးနော်။ သိသိနဲ့ အဖြစ်ခံခဲ့တာ။ မိန်းမတစ်ယောက်မှာ ထိန်းသိမ်းသင့်တဲ့ အရာတွေရှိနေလို့ ဒီအိမ်ထောင်ရေးကြီးကို မပြိုလဲအောင် ထိန်းသိမ်းနေတာ။ ရှင့် သားလုပ်သမျှ လုပ်ရပ်တွေကို မသိလို့ မဟုတ်ဘူး။ သိတယ်။ သိသိနဲ့ ကျွန်မ ငြိမ်နေခဲ့တာ ကျွန်မ သမီးကြောင့်။ ကျွန်မသာ ဒီအိမ်ထောင်ရေးကို အဆုံးသတ်လိုက်ရင် သမီး မိတကွဲ ဖတကွဲ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ငြိမ်နေခဲ့တာကို ရှင့်သားက ကမ်းတက်လာတာ"

YOU ARE READING
သံယောဇဥ်နှောင်ကြိုး
Romanceအိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောကျာ်းနဲ့ ကွာရှင်းပြီး တစ်ခုလပ်ဖြစ်သွားတဲ့ သူမက ငယ်သူငယ်ချင်း ကောင်လေးနဲ့ ပြန်တွေ့တဲ့ အခါ.....။ သူမ တစ်ယောက်တည်းကိုသာ ချစ်ခဲ့ဖူးတဲ့ အမျိုးသားအတွက် သူမ အချစ်တွေ ပြန်လည်အသက်ဝင်လာမှာလား။ ဒါမှ မဟုတ် အေးစက်သွားမှာလား။