အပိုင်း(၂၇)

10.3K 584 45
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၂၇)🌾

နောက်လထဲဆို ရွာလုံးကျွတ်ဆင်နွှဲရမယ့် ဘုရားပွဲကြီးရောက်ပြီမို့ တစ်ရွာလုံးဟာ ကိုယ်စီအလုပ်ရှုပ်လျှက်ရှိနေကြသည်။ယခုကတည်းက ဝမ်းဆက်တွေတစ်ရက်ကိုနှစ်စုံနှုန်းဖြင့် စုစုပေါင်းငါးရက်စာအတွက် ကြိုတင်ချုပ်နေကြပြီဖြစ်သည့် အပျိုလေးတွေ၊မြို့တက်ပြီး တီရှပ်တွေ ဂျင်းဘောင်းဘီတွေ မသိမသာဝယ်ဖို့တာစူနေကြပြီဖြစ်သည့် လူပျိုတွေ၊ပွဲကြည့်ရတော့မယ်ဆိုပြီး ပျော်နေကြသည့် ကလေးတွေနှင့် လူကြီးတွေ၊ဝယ်စရာ၊ခြမ်းစရာ၊ပြင်ဆင်စရာများအတွက် မြို့ကို တက်လိုက်ဆင်းလိုက်ဖြင့် အလုပ်များနေသည့် ရွာလူကြီးအဖွဲ့နှင့်ကာလသားခေါင်းဆောင်တို့အဖွဲ့တွေဖြင့် မည်သူမှမအားလပ်ကြ။

ငြိမ်းဝေတောင် ဒီလထဲကို မြို့ကို ၅ခေါက်လောက်ရောက်ပြီးပြီဖြစ်သည်။တစ်ခါက အဖေနှင့်သူ့အတွက် အမေက အဝတ်အစားသွားဝယ်ပေးတာဖြစ်ပြီး နောက်တစ်ခါကတော့ စိုးလင်းမောင်နှင့်အတူ ပါသွားတာဖြစ်သည်။ကျန်သည့်အခေါက်များကတော့ ကာလသားတွေနှင့်ပါသွားလိုက် သူကြီးနှင့်ပါသွားလိုက်ဖြင့် ပဲလှော်ကြားကဆားလေးဖြစ်သည်။ဒီရက်တွေအတွင်း သူနှင့်ကိုဉာဏ်လင်းထည်၏ ဆက်ဆံရေးကလည်း အရင်ကထက်စာလျှင် ပိုပြီးတိုးတက်လာသည်ဟုဆိုရမည်။

ဗီဒီယိုရုံကိုသွားသည့်ရက်ကလွဲလျှင် နှစ်ယောက်ထဲရှိသည့်အခါမျိုးမရှိပေမယ့် ထိုအချိန် ဘေးချင်းကပ်ရပ်ထိုင်ပြီး ဗီဒီယိုကြည့်ရသည့် အချိန်လေးကိုက ငြိမ်းဝေအတွက် အပျော်ရွှင်ဆုံးဖြစ်ရသည်။ဘေးတိုက်ကြည့်ကြည့် နောက်ကကြည့်ကြည့် မျက်နှာချင်းဆိုင်ပဲကြည့်ကြည့် ခန့်ညားလွန်းလှသည့် ထိုလူ့ကိုလဲ သူ့မှာ ကြွေရသည်ကအခါခါ။စိုးလင်းမောင်ကတော့ သူ့ကို မယားတရူးဟု ခေါ်ခဲ့ဖူးတာကို လက်စားချေသည်ဆိုပြီး လင်တရူး၊ကိုဉာဏ်လင်းထည်ရူးဆိုပြီးခေါ်ကာ အနိုင်‌ပိုင်းလေ့ရှိသည်။

ပြောရင်း ယာထဲဆင်းလာသည့် စိုးလင်းမောင်ကြောင့် တော်တော်အသက်ရှည်ဦးမယ့်ကောင်ဟု ငြိမ်းဝေ စိတ်ထဲမှတ်ချက်ပေးလိုက်သည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now