Chapter 203

1.1K 170 4
                                    

Chapter 203 Villain's father
December 14, 2023
Chapter 203

"မေးခွန်းကောင်းပဲ"

လင်းလော့ချင်းက ခေါင်းညိတ်ပြပြီး ချင်ရူယွင်၏ကိစ္စကို အတိုချုံးရှင်းပြသည်။

"ဒီလိုအေးဂျင့်မျိုးက ငါ့​ကို တကယ်ပြောစရာမရှိအောင် ဖြစ်စေတယ်...ဒီတစ်ခေါက် ပြန်သွားတဲ့အခါ ရှင်းရီမှာ ဒီလိုအေးဂျင့်ရှိမရှိ စစ်ဆေးရမယ်... အဲဒါတွေရှိရင် တတ်နိုင်သမျှ မြန်မြန်အလုပ်ထုတ်ပစ်ရမယ်...သူတို့က  ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်"

ကျိယွီရှောင် ယခုလိုဖြစ်​နေမည်ဟု မမျှော်လင့်ထားခဲ့ပါချေ။အမှန်သာဆိုလျှင် မတော်တဆ ရတနာတစ်ခုကို ကောက်ရလိုက်​ခြင်း​ဖြစ်သည်။

"ဒါဆို သူ့ကို စာချုပ်ချုပ်လိုက်လေ... ဘာပဲဖြစ်ဖြစ် မင်းက CEO ပဲဟာ... မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"

"ငါ မင်းကို သတင်းပို့ရမယ်လေ...မဟုတ်ရင် မင်းကုမ္ပဏီမှာ ဘယ်သူရှိမှန်းတောင် မင်းသိမှာမဟုတ်တော့ဘူး"

ကျိယွီရှောင်က ဤအရာများကို ဂရုမစိုက်ပေ။ဖျော်ဖြေရေးကိစ္စတွေကို သူသိပ်စိတ်မဝင်စားပါချေ။အကျိုးအမြတ်ရသရွေ့ ရှင်းရီမှာ ဘယ်သူရှိသည်ဆိုခြင်းက အရေးမကြီးပေ။ သို့သော် လင်းလော့ချင်းက ၎င်းကို သူ့အကျိုးအတွက် လုပ်နေသည်မှာ ထင်ရှားသည်။သူက ကျိယွီရှောင်ကို ရှင်းရီနှင့် စိမ်းနေသည့်ခံစားချက်ကို မရ​စေလိုသောကြောင့် ကျိယွီ​ရှောင်ကို သူနှင့် စာချုပ်ချုပ်ထားသူတိုင်းကို ပြောပြခဲ့သည်။

သူက အလွန်ကို သူ့အတွက်တွေးပေးတတ်သည်ပင်။

ကျိယွီရှောင်၏ မျက်လုံးများ နူးညံ့၍လာပြန်သည်။ဖုန်းမချခင် သူ လင်းလော့ချင်းနှင့် ခဏလောက် စကားပြောခဲ့သည်။

လင်းလော့ချင်း လူးလိမ့်ပြီး အိပ်ရာမှထကာ ရေချိုးရန် ရေချိုးရန်ပြင်လိုက်သည်။

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရပြီး အံ့ဩသွားသည်။ချင်ရူယွင်၏ ဖန်တီးမှုစွမ်းရည်နှင့် အသံအခြေအနေများဖြင့်ဆိုလျှင် သူမက အဘယ်ကြောင့် ဝတ္ထုထဲတွင် နည်းနည်းလေးပင်ဖော်ပြခြင်းမခံထားရသနည်း။

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now