Fourth တစ်ယောက် နိုးလာတော့ မြင်ကွင်းတွေက စိမ်းသက်နေတာကြောင့် သူ့ဦးနှောက်ကို ခဏအနားပေးပြီး ပြန်စဉ်းစားကြည့်၏
မနေ့က အကြောင်းအရာတွေ ခေါင်းထဲ တန်းစီဝင်ရောက်လာတော့ လက်သီးကို တင်းတင်းဆုပ်မိသွားသည်
တိုအချိန် Gemကို ရန်သွားလုပ်မလို့ တာစူနေတော့သည် ထို့ကြောင့် ဘာဖြစ်နေလဲ သူကိုယ်တိုင်တောင် မေ့နေတာမို့ ထလိုက်တဲ့အချိန် စူးအောင့်နေတဲ့နာကျင်မှုက သူ့အောက်ပိုင်းတစ်နေရာကနေရလာ၏
Fourth တစ်ယောက် မျက်ရည်များစီးကျလာပြီး မင်းကို မုန်းတယ် Gemini ဆိုပြီး အခန်းထဲမှာ သောင်းကျန်းနေတော့၏
ထိုမြင်ကွင်းကို cctvကနေ တစ်ဆင့်ကြည့်နေတဲ့သူရှိတာကိုတော့ Fourth တစ်ယောက် သတိမထားမိခဲ့ပါချေ****
မင်းတို့ ဖယ်ပေး ငါနေကောင်းပြီမို့ လမ်းလျှောက်ထွက်ချင်တယ် ငါ့ကိုမတားကြနဲ့ ငါ့ကိုအမြဲ အခန်းထဲမှာပဲ လှောင်ပိတ်ထားကြတော့မှာလား မရဘူးနော် ငါလည်း လူတစ်ယောက်ပဲ ချုပ်ခြယ်တာမျိုးတွေ ငါ့ကိုလာမလုပ်နဲ့
Fourthတစ်ယောက် ဂျမ်က သူ့ကိုအပြင်ထွက်ခွင့်မပေးလို့ သောင်းကျန်းနေတော့သည်ဘော့စ်ရဲ့ အမိန့်အရမို့ပါခင်မျ ကျွန်တော်တို့ကို နားလည်ပေးပါ အစ်ကိုလေးအပြင်ထွက်ချင်ရင် ဘော့စ်ပြန်လာမှ ပြောပြီးထွက်ပါဗျ အခုတော့ ဘော့စ်က သူ့စကားကလွှဲရင် ဘယ်သူ့စကားမှ နားမထောင်ရဘူးလို့ ပြောထားတာကြောင့် တောင်းပန်ပါတယ်အစ်ကိုလေး
သူက ဘာကောင်မလို့ ငါ့ကို ချုပ်ခြယ်ရတာလဲ ငါ့ကိုလဲ အပိုင်သိမ်းထားပြီး အရာရာကို သူ့သဘောအတိုင်း နေပေးရအောင် ငါကရော ဘာကောင် မလို့လည်း
Fourth ဘယ်လောက်ပြောပြော အစောင့်များက ကျောက်ရုပ်သဖွယ်လုပ်နေတာကြောင့် စိတ်ပေါက်လာပြီး အခန်းထဲပြန်ဝင်သွားတော့၏
***
Fot Fot မင်းဘယ်မှာလဲFotဘာမှပြန်မပြောပေ ဒီတိုင်း ဗီရိုထဲမှာပဲ အသံတိတ်နေနေ၏
ဂျမ်ကလည်း သိပေမယ့် မသိချင်ယောင်ဆောင်ရသည်
မင်းမထူးရင် ကိုယ်လိုက်ရှာပြီနော် Fot ဆိုပြီး ပုန်းနေတဲ့ နေရာကလွှဲရင် ကျန်တဲ့နေရာတွေ လိုက်ရှာနေတော့သည်

YOU ARE READING
SHADOW
Short Storygemfot fic လေးတစ်ပုဒ်ရေးချင်လို့ အရှည်ကြီးမရေးနိုင်လို့ short storyလေးပဲရေးမှာပါ