အပိုင်း(၂၅)

12.1K 703 108
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၂၅)🌾

ပူဇော်ထားတဲ့ ဆီမီးတွေမငြိမ်းခင်မှာဘဲ မီးပုံးပျံလွှတ်ဖို့ ပြင်ဆင်ကြလေတော့သည်။မြို့က ဗျောက်အနည်းငယ် ဝယ်လာကြပေမယ့် လူငယ်တွေလောက်ကလွဲရင် သိပ်မဖောက်ကြ။လက်တွန်းမီးအိမ်လေးတွေ စက္ကူမီးပုံလေးတွေကို တုတ်ချောင်းလေးတွေထိုးကာ ကိုင်ရင်း လျှောက်သွားနေကြသော ကလေးများ၊မီးသရဲကစားနေကြသည့် မှီးကောင်မပေါက်တပေါက်အရွယ်လေးများ၊သစ်ရွက်လှုပ်ရင် ရင်ခုန်နေတတ်ပြီဖြစ်တဲ့ အရွယ်လေးတွေရဲ့ ကျီစားရင်း စနောက်နေပုံလေးများဖြင့် ငြိမ်းဝေတို့ရွာလေးဟာ စည်ကားလျှက်။

စိုးလင်းမောင်ဆိုလျှင် အရိပ်တောင်မမြင်ရအောင် ဘယ်သွားချိန်းတွေ့နေမှန်းမသိ။ငြိမ်းဝေ ဟိုဟိုဒီဒီလိုက်ကြည့်ရင်း မီးပုံးပျံ၉ခုကို အပေါက်ရှိမရှိသေချာစစ်လိုက်ကာ မီးစာတွေနှင့်အတူ အရန်သင့်ယူထားလိုက်သည်။ခဏကြာလျှင် ကာလသားတွေ ဘုရားအနောက်က ယာထဲမှာ စပြီး မီးပုံးလွှတ်ကြမှာဖြစ်သည်။

“ငြိမ်းဝေ..”

“အေး...”
‌နောက်နားဆီမှခေါ်သံကြောင့် ငြိမ်းဝေ လှည့်ကြည့်ရင်း ထူးလိုက်တော့ ကျော်မိုးသိန်းဖြစ်နေသဖြင့် ပြုံးပြလိုက်သည်။

“မင်း တစ်ယောက်ထဲ ဘာလုပ်နေတာလဲ...”

“အတွဲတွေလိုက်ငမ်းနေတာ မင်းရော ဘကြီးဘုန်းကြီးကခေါ်သွားတာဆို ...”

“အင်း ကျောင်းထဲက ထင်းသိုလှောင်ရုံထဲ မြွေဥတွေတွေ့လို့တဲ့ အဲ့ဒါ နေရာရွှေ့လို့ အဆင်ပြေပါ့မလား ကြည့်ခိုင်းတာ...”

“မြွေဥဆိုရင်တော့ မရွှေ့တာကောင်းမယ်ထင်တယ် သူတို့က သူတို့နေရာနဲ့ပတ်သက်ရင် အမှတ်အသားကြီးတယ် တစ်ခုခုအမှားဖြစ်သွားရင်မကောင်းဘူး...”

“အင်း ဘကြီးဘုန်းကြီးကကျ ထင်းရုံထဲဖြစ်နေတော့ လူအဝင်အထွက်လဲရှိတော့ အန္တရာယ်ဖြစ်မှာစိုးတယ်တဲ့... ဒီည မေတ္တာပို့ပြီး မနက်ဖြန်ကျရွှေ့မှာ ...မဟုတ်လဲ အကောင်ပေါက်လာရင် ပိုဆိုးလိမ့်မယ်...'

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now