(8)

468 86 0
                                    

(8)

"ဒီလက်စွပ်က အန်တီရွေးပေးလိုက်တာလေ"

ရန်ချင်းလင် ပြောလာသည်။

"ဒါကိုကြိုက်လား?"

ကျင်းမားမား၏ ခံစားသိမြင်နိုင်မှုများမှာ အမြဲတမ်းကောင်းမွန်လှသည်။ သူမ ရွေးချယ်ခဲ့သည့် အမျိုးသားဝတ်လက်စွပ်သည်ကားပလက်တီနမ်ဖြင့် ပြုလုပ်ထားကာ ရိုးရှင်းပြီး အံဝင်ခွင်ကျဖြစ်နေခဲ့သည်။

လက်စွပ်ကို လေးထောင့်ဖြတ်စိန်များဖြင့် အလှဆင်ထားခဲ့ပြီး ကျင်းရန်၏ လက်ပေါ်တွင် ဝတ်ဆင်လိုက်သည်တွင် တောက်ပပြီး လိုက်ဖက်ညီစွာနှင့် လှပနေခဲ့သည်။

ကျင်းရန် သတိပြန်ဝင်လာသည့်နောက်တွင် ရန်ချင်းလင်၏ ဘယ်ဘက်လက်ကို တစ်ချက်ကြည့်လိုက်သည်။

- ဘာမှ မရှိနေခဲ့ဘူး။

ကျင်းရန် လက်စွပ်အား အလျှင်အမြန်ချွတ်လိုက်ကာ သူမ၏ အိတ်ကပ်ထဲတွင် ဝှက်ထားလိုက်သည်။

" မင်း လက်စွပ်ကို ကောင်းကောင်းလေး မပေးနိုင်ဘူးလား၊ ဘာလို့ ပိုးဖလံတွေလိုမျိုး မီးထဲကိုဝင်ဖို့တက်ကြွနေရတာလဲ"

"လက်ဆောင်ကို  ဘယ်လိုမျိုး ကောင်းကောင်းပေးသင့်တာလဲ"

ရန်ချင်းလင်က ဖော်မပြနိုင်သော အဓိပ္ပါယ်ဖြင့် ပြုံးလိုက်ပြီး ညင်သာစွာ ပြောလာခဲ့ချေသည်။

"ဒူးတစ်ဖက်ထောက်ပြီး ပန်းစည်းတွေကို ရွှယ်ကျန်းရဲ့လက်ထဲကို အရင်ထည့်ပေးသင့်တာလား"

  ကျင်းရန် ရန်ချင်းလင်အား နောက်ထပ် လက်ခလယ် ထောင်ပြလိုက်ချင်သော်လည်း မတိုင်ခင်ကအခြေအနေကို ပြန်တွေးကြည့်လိုက်ကာ သူ့လက်ချောင်းကို မထုတ်နိုင်တော့ချေ။ ကျင်းရန်တစ်ယောက် သူ့တွင် အရိပ်မည်းကြီးတစ်ခုရှိသွားလောက်ပြီဟုတောင် သံသယဖြစ်မိရသည်။

သူ့တစ်ဘဝလုံး လက်ခလယ်မထောင်ရဲတော့တာတောင် ဖြစ်သွားနိုင်တယ်!

"အဲဒီလိုစိတ်ကူးယဥ်ဆန်တဲ့ကိစ္စမျိုးကို ဘယ်သူမှန်းမသိတဲ့  မိန်းကလေးအတွက် ချန်ထားလိုက်စမ်းပါ"

ကျင်းရန် ရယ်မောလိုက်သည်။

"မင်းရဲ့  ကျင်းပါးပါးက မစားရသေးဘူး၊ တခြားကိစ္စရှိသေးလား၊ မရှိရင် ငါ အခု ထွက်သွားတော့မယ်"

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now