အပိုင်း(၂၄)

10.6K 569 55
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၂၄)🌾

“ဒီနှစ်ရွာဘုရားပွဲက ဖိုးချစ်ငှားမှာဆို ဟုတ်လား..မိထော်...”

“ဟုတ်တယ် အရီးရဲ့ မြို့ရွှေမန်း‌သားဖိုးချစ်တဲ့ ...”

“ကျုပ်တော့ မသိပေါင်တော်...ဒါနဲ့ မိထော် သီတင်းကျွတ်မီးထွန်းပွဲကိစ္စက ကာလသားတွေနဲ့တိုင်ပင်ပြီးသွားပြီလား...”

“တိုင်ပင်ပြီးပါပြီရှင် ရွာဦးကျောင်းက စေတီမှာ ဆီမီးတစ်ထောင်ပူဇော်မှာ ပြီးတော့မုန့်လုံးရေပေါ်လဲကျွေးဦးမှာ...”

“မုန့်လုံးရေပေါ်မစားချင်ပေါင်တော် မုန့်လက်ဆောင်းလေးသောက်ချင်တာ...”

“အရီးအကြိုက် ကျုပ်လုပ်ကျွေးမှာပေါ့တော့...”

တစ်ယောက်တစ်ပေါက်ပြောနေသည့်အသံများကြား ဒေါ်ခက်ခက်ငြိမ်းတစ်ယောက် ဘာမှဝင်မပြောဖြစ်။ဒီနေ့က ကြက်သွန်ဖြူခွာသည့်နေ့ဖြစ်ပြီး နောက်နှစ်ရက်နေလျှင် အလှူကြီးဝင်မည်ဖြစ်သည်။ဒီရွာသူမဟုတ်ပေမယ့် ဒီရွာက သူ့ရွာလိုဖြစ်နေပြီး နေလာတာကလည်း ငြိမ်းဝေ တစ်သက်ပဲဖြစ်သည်။

“လေးလေးငြိမ်း ငြိမ်လှချည်လားတော့...”

“မဟုတ်ပါဘူးအေ...”

“ခုနကတည်းက ငြိမ်နေတာတွေ့ပါတယ်နော် ဘာတွေ တွေးနေတာတုန်းတော့..”

“မတွေးပါဘူးအေ...ဒါနဲ့ မနက်ဖြန်ကျ ငါလာကူရဦးမှာလား...”

“ရပြီ လေးလေးရဲ့ မနက်ဖြန်က ပန်းကန်၊ခွက်တွေဆေးရုံပဲဆိုတော့ ကျုပ်တို့ အပျိုတွေအဖွဲ့ပဲလုပ်ကြမှာ...”


"အေးအေး...”

ထိုအချိန် ထင်းလှည်းကြီး ၅စီးရောက်လာရာ အကုန်လုံး လှမ်းကြည့်မိသွားကြသည်။

‌“ဟိတ်ကောင်မတွေ ဟိုမှာ ကိုဉာဏ်လင်းထည်ကြီးတော့...”

“မြင်‌တယ်ဟဲ့ ကောင်မရဲ့ အိန္ဒြေမပျက်စေနဲ့လေဟယ်...ဘာလို့ တည့်ကြီး သွားကြည့်နေတာတုန်း...”

"အပျိုတွေနော် အပျိုတွေ အဟမ်း ငါတို့ကြားတယ်နော် အိန္ဒြေလေးလည်းထိန်းကြပါဦးအေ...”
အရီးမြင့်၏ သတိပေးသံအောက်မှာ အပျိုအဖွဲ့၏ တီးတိုးသဖမ်းပိုးလုပ်နေသံများက ငြိမ်သက်သွားကာ မျက်လုံးဖြင့်တော့ တစ်ယောက်နှင့်တစ်ယောက် အချက်ပြကာ စကားပြောနေကြသေးသည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now