အပိုင်း(၂၃)

12.1K 633 48
                                    

Unicode



🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၂၃)🌾

နောက်နေ့ည ငြိမ်းဝေတို့လည်တော့ ရန်ဖြစ်သည့်အဖွဲ့နှင့်တိုးကာ ဈေးတန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။မြို့ပေါ်ကလူတွေ အချင်းချင်းဖြစ်ကြသည့် ရန်ပွဲဖြစ်ပြီး တုတ်တွေ ချိန်းကြိုးတွေပါ ပါလာတော့ တခြားလူတွေပါ ခိုက်မိကုန်တော့သည်။
ငြိမ်းဝေ စိတ်ဝင်တစား ရန်ပွဲကိုစူးစမ်းကြည့်နေတုန်း ဂုတ်ကနေ လှမ်းဆွဲလိုက်သူကြောင့် မကျေမနပ်လှည့်ကြည့်ခိုက် ကိုဉာဏ်လင်းထည်ကိုတွေ့လိုက်ရသဖြင့် မျက်နှာက ချက်ချင်း ပြေလျော့သွားသည်။

"ပြန်မယ်...”

"အမ်...”

"ပြန်ကြမယ်...ရန်ပွဲက ဒီထက်ပိုကြီးလာရင် မကောင်းဘူး...မြစ်ကမ်းဘက်ပြန်မယ်...”

ငြိမ်းဝေ မျက်နှာ မဲ့တဲ့တဲ့ဖြစ်သွားကာ ခေါင်းကိုအသာညိတ်ပြလိုက်သည်။ဒီနေ့နဲ့မှ သုံးညပဲရှိသေးတော့ သူလည်လို့မဝသေး။သူ့နည်းတူ ရှုံ့မဲ့သွားသူတွေကတော့ စိုးလင်းမောင်နှင့်ဝိုင်းချစ်ပင်။

ကျော်မိုးသိန်း ‌သူတို့ကိုလိုက်ထိန်းချုပ်ချင်နေသည့်လူကို မကျေမနပ်ကြည့်လိုက်ပြီး ငြိမ်းဝေကိုလှမ်းကြည့်လိုက်တော့ ငြိမ်းဝေပုံစံက လည်ချင်နေသေးသည့်ဟန်။ထို့ကြောင့် ကျော်မိုးသိန်း ထိုလူ့ဘေးသွားလိုက်ကာ....
"ခင်ဗျား ပြန်ချင်ပြန်လိုက်ပါ ကျုပ်တို့နေခဲ့မယ်...ငြိမ်းဝေတို့ကိုလည်း ကျုပ်သေချာစောင့်ရှောက်‌နိုင်တာမို့ ဘာပြဿနာမှဖြစ်မှာမဟုတ်ဘူး..”

"ဟေ့ရောင်...”
ငြိမ်းဝေ၏ သတိပေးသလို ခေါ်လိုက်သံတိုးတိုးက ထွက်သွားသည်။

ဉာဏ်လင်းထည် သူ့ရှေ့တည့်တည့်ကလူကိုကြည့်ပြီး မျက်ဝန်းထဲ အလိုမကျဟန်ဖြတ်ပြေးသွားကာ..
"သေချာလား...”

"သေချာတယ်...”

"သူတို့တွေ တစ်ခုခု ရှရာလေးဖြစ်တာနဲ့ မင်းတာဝန်ယူမှာလား...”

ကျော်မိုးသိန်း မျက်နှာကိုဟန်မပြတ်ထိန်းလိုက်ကာ..
“ကျုပ် တာဝန်ယူမယ်...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now