Uni
"အပိုင်း ၅"
ချစ်ခင်လေးစားရသည် ဖေဖေမှာ နောက်မိန်းမရှိနေပြီ ဆိုသော အသိသည် မလိခ၏ နှလုံးသားကို တရိရိဖဲ့ခြွေနေသလိုခံစားရသည်။ မေမေသည် မလိခကြောင့် ရင်ထဲက သောကအပူများကို မြိုသိပ်ထားမှန်း သိလိုက်ရသည်အခါ မလိခ မေမေ့ကို ပိုသနားမိသည်။
"ဖေဖေ ဘာလို့ အခုလို လုပ်ခဲ့တာလဲဟင်"
မလိခသည် သူမကို ဖက်တွယ်ငိုနေသော မေမေ ရင်ခွင်မှ ရုန်းထွက်ပြီး မျက်ရည်ကြားမှ မေးလိုက်သည်။
"သမီး ဖေဖေလေ"
"မုန်းတယ်"
"ဟင်"
သမီးနှုတ်မှ ထွက်ပေါ်လာသော "မုန်းတယ်"ဆိုသည့် စကားတစ်ခွန်း။ သူ နှလုံးသားကို မီးလောင်တိုက်သွင်းလိုက်သလို နာကျင်ရပါသည်။
"ဖေဖေ့ကို မမုန်းပါနဲ့ သမီးရယ်။ ဖေဖေ ရှင်းပြပါမယ်"
"မလိုဘူး ဖေဖေ။ ဖေဖေ့ အပြစ်ကို ဖေဖေ သိတယ်ဆိုရင် မလိတို့ သားမိရှေ့မှာ အခုလိုရပ်နေစရာတောင်မလိုပါဘူး"
သမီး၏ စကားလုံးတိုင်းသည် ဓားသွားလို ပြတ်သားသားနေခဲ့သည်။
"သမီး ဖေဖေလေ"
"ထွက်သွားပါ"
သမီးသည် ပြတ်သားစွာ စကားဆို၍ သူကို ကျောခိုင်းသည်။ သူမှာရင်နာနာဖြင့်ပင် သူမ တို့ အနားမှ ထွက်လာခဲ့လိုက်သည်။ သမီးသည် ဖခင်ဖြစ်သူ ထွက်သွားမှ တအိအိငိုသည်။ နွယ်သည် သမီးကို ရင်ခွင်ထဲထွေးဖက်ရင်း
"မေ့ကလေးလေး အရမ်းခံစားနေရလားဟင်"
"မေမေ"
သမီးသည် ရင်ထဲရှိသမျှ စကားလုံးများကို ထုတ်ဖော်ပြောလိုက်ရ၍လား မသိပေ။ တသိမ့်သိမ့်ရှိုက်ငိုသည်။ နွယ်သည် သမီးလေးကို ပွေ့ဖက်ရင်း
"ဘာလို့ ဘာလို့ စိတ်အပင်ပန်းခံရတာလဲ သမီးရယ်။ မေမေ့ကြောင့် ဆိုရင် သမီးဖေဖေကို အမုန်းစကားမပြောပါနဲ့"
"မေမေရယ်"
မလိခကို ဖက်ထားသည် မေမေကို မလိခ ပြန်ဖက်လိုက်မိသည်။

YOU ARE READING
သံယောဇဥ်နှောင်ကြိုး
Romanceသာယာနေတဲ့ အိမ်ထောင်ကနေ ခင်ပွန်းဖြစ်သူက အတွင်းရေးမှူးနဲ့ ဖောက်ပြန်တဲ့အခါ သမုဒယနွယ်ဆိုတဲ့ မိန်းမသားတစ်ယောက် ဘယ်လိုဆုံးဖြတ်မလဲ