သံတိုင်ရဲ့ အနောက်ဖက်က ကော်ဖီရောင်ဆိုးထားတဲ့ ဆံနွယ်ပိုင်ရှင် မိန်းကလေးက ခံစားချက်မရှိတဲ့ မျက်ဝန်းတွေနဲ့ တစ်နေရာတည်းကိုပဲ စိုက်ကြည့်နေလေရဲ့ ...
သူမ ပထမဆုံး အပြစ်လုပ်မိချိန်ကို သတိရလိုက်သည်။ အဲ့တုန်းက မိုးမခကို အမြင်ကတ်လွန်းတာကြောင့် သူများရဲ့ကွန်ပါဘူးကို ခိုးကာ သူ့လွယ်အိတ်ထဲထည့်ခဲ့ဖူးသည်။ သူခိုးမဆိုပြီး စွပ်စွဲခံရတဲ့ မိုးမခကိုကြည့်ပြီး သူမအရမ်းကျေနပ်ခဲ့တာ၊ ဒုတိယ အကြိမ်ကတော့ ကိုကိုအဲ့မိန်းမကို လက်ဆောင်ပေးတဲ့ ကြောင်လေးကို ကတ်ကြေးနဲ့ထိုးသတ်ခဲ့တာ၊ အဲ့အချိန်က ယူကျုံးမရ ငိုယိုနေတဲ့ အဲ့မိန်းမကို ကြည့်ပြီး အားရခဲ့ရတာ ... နောက်ဆုံး အဲ့မိန်းမရဲ့ ကားဘရိတ်ကိုတောင် သူမကိုယ်တိုင် ဖြတ်ခိုင်းခဲ့တာ ... ဘယ်လောက်တောင် ပျော်ခဲ့ရလဲ အဲ့မိန်းမနဲ့အတူ အဲ့မျိုးမစစ်လေးပါ သေသွားတော့ ... အခုရော မျိုးမစစ်နောက်တစ်ေယာက်နဲ့ မျက်နှာပြောင်တဲ့ မိန်မကို ကိုကို့ဘဝထဲက ရှင်းပေးခဲ့တာပဲလေ ... ကိုကိုက ဘာလို့ကျေးဇူးမတင်ရတာလဲ ... သူမမျက်လုံးတွေကို ဝေ့ကြည့်လိုက်တော့ တူညီတဲ့ထောင်ယူနီဖောင်းကို ဝတ်ထားတဲ့ အမျိုးသမီးတွေက ဖဲရိုက်သူရိုက် စကားပြောတဲ့သူကပြော လုပ်နေကြသည်။
*ဟွန်း အဆင့်အတန်း မရှိတဲ့ ဟာမတွေ၊ ငါ့ကိုကိုငါ့လာခေါ်ရင် ဒင်းတို့ကို သတ်ကို သတ်ပစ်ခိုင်းရမယ်*
🥀🥀🥀
ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်ဆိုတဲ့ သဘောတရားကို ဖြူကောင်းကောင်းကြီးခံစားနေရပြီထင်ပါရဲ့ ... သမီးလေးရဲ့ အိပ်ပျော်နေတဲ့ မျက်နှာ ဖြူဖြူဖွေးဖွေးလေးကို ကြည့်ပြီး လူ့လောကထဲကို ဝင်မလာနိုင်တဲ့ ကလေးလေးအတွက် ရင်နာရသလို၊ ခြေလက်ပြည့်ပြည့်စုံစုံ ချို့ယွင်းမှုမရှိဘဲ ခက်ခက်ခဲခဲမွေးခဲ့ရတဲ့ သမီးလေးက စကားမပြောနိုင်တော့တာကိုလည်း ရင်ထဲမှာဗလောင်ဆူရသည်။ အခုဆို သူမလည်း ဆေးရုံကဆင်းလာတာ ၂လလောက်ရှိပြီ ... ဒီ ၂လ အတွင်းမှာလည်း သမီးလေးကို ဘယ်လိုပဲ စိတ်ချမ်းသာအောင်ထားထား ဆရာဝန်တွေနဲ့ ဘယ်လိုပြပြ စကားကပြန်ပြောမလာပေ။ သူမရဲ့ ဝဋ်တွေကို သမီးလေးက ခံနေရတာပဲမလား...

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...