Chapter 201 Villain's father
December 14, 2023
Chapter 201ချင်ရူယွင် သူ့စကားတွေကို ကြည့်ပြီး သူမက သီချင်းဆို တကယ်ကောင်းသည်ဟု သူတွေးနေသည်လား သို့မဟုတ် ယန်ကောပြောသလို သူမ၏ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းသည်ဟု စောင်းပါးရိပ်ခြည် ပြောနေသလားဆိုသည်ကို ခဏလောက် မပြောနိုင်ဖြစ်နေသည်။
သူမစင်ပေါ်ကဆင်းလာသောအခါတွင် ချီးကျူးသံများကြားခဲ့ရသည်။သူမ ရိုးရိုးရှင်းရှင်းပဲ တခြားသူတွေက သူမကိုချီးကျူးနေကြပြီး သူမကို သီချင်းဆိုကောင်းသည်ဟု တကယ်တွေးကြသည်ဟု စိတ်ရင်းဖြင့် ခံစားခဲ့ရသည်။
သို့သော် ယန်ဖုန်းဆီက ဤမျှအချိန်ကြာအောင်ဖိနှိပ်ခြယ်လှယ်ခံရအပြီးမှာ ယန်ဖုန်း ၎င်းကို ယုံကြည်မှုအပြည့်နှင့် သီအိုရီကျကျပြောလာသည့်အခါ ချင်ရူယွင် ဇဝေဇဝါဖြစ်သွားသည်။သူပြောသလိုပဲ တစ်ဖက်က သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းတယ်လို့ စကားနုစကားယဥ်သုံးပြီး ပြောနေတာများလား...
ကွာခြားချက်ကို သူမကိုယ်တိုင် မပြောနိုင်သဖြင့် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
[ရှောင်လင်းလောင်ရှီး...ကျွန်မက သီချင်းဆိုကောင်းတယ်လို့ တကယ်ထင်တာလား]
[ဒါပေါ့...ခင်ဗျားက သရုပ်ဆောင်တာထက် သီချင်းဆိုတာတဲ့ ပိုသင့်တော်တယ်ဆိုတာ သိသာပါတယ်]
ဒါက သူမသရုပ်ဆောင်တာ တကယ်ညံ့တယ်လို့ ဆိုလိုတာပဲမဟုတ်လား...
ချင်ရူယွင်၎င်းကို တွေးလိုက်သည်။
သူမ သရုပ်ဆောင်တာက တကယ်ကို ဆိုးတာပဲ...
သူမက "အိုး" ဟု ပြန်ဖြေသည် ထို့နောက် သူမက ရိုးရိုးသားသားပြောခဲ့သည်။
[ကျွန်မသရုပ်ဆောင်တာက တကယ်ကို တော်တော်ဆိုးနေတာပဲ...အရမ်းရှက်မိပါတယ်... တောင်းပန်ပါတယ်]
လင်းလော့ချင်း: "……"
ဒီလောက် ပေါ့ပေါ့တန်တန် တောင်းပန်တတ်တဲ့ အလေ့အထကို သူမ ဘယ်လိုလုပ် ရလာတာလဲ...
ယန်ဖုန်း လုပ်ခဲ့တာလား...
သူက မေးလိုက်သည်။

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️