Chapter 200

995 167 1
                                    

Chapter 200 Villain's father
December 14, 2023
Chapter 200

ဒီလောက်ကြီး ကြောက်စရာကောင်းစရာ မလိုပါဘူးနော်...

ငါတို့မှာ အတိတ်က ရန်ငြိုးတွေ မရှိဘူးလေ... ပစ္စုပ္ပန်မှာလည်း ဘာအမုန်းတရားမှ မရှိဘူး...ငါ မင်းကို မစော်ကားခဲ့ဘူး မဟုတ်လား...ကျွန်​တော်မျိုးကို ဘာကို ဒီလိုမျိုးဆက်ဆံရတာလဲ ဥက္ကဋ္ဌကတော်ရေ...

"ဒါဆိုလည်း ငါ့ပေါင်ပေါ်မှာပဲထိုင်ပါစေ"

ဝူရှင်းယွမ် သက်ပြင်းအရှည်ကြီးထုတ်လိုက်သည်။

"မဟုတ်ရင် ဥက္ကဋ္ဌကျိမတ်တပ်မရပ်နိုင်ခင် ငါမတ်တပ်မရပ်နိုင်တော့မှာ ငါကြောက်တယ်"

လင်းလော့ချင်းက ရယ်ပြန်သည်။

"အဲသလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ...ဥက္ကဋ္ဌကျိက သူ့ဝန်ထမ်းတွေကို အရမ်းဂရုစိုက်တာပါ"

ဝူရှင်းယွမ်: 'ဟုတ်တယ်...သူက သူ့ဝန်ထမ်းတွေကို ဂရုစိုက်တယ်...​ဒါပေမဲ့ သူ့မိန်းမကို ပိုဂရုစိုက်တယ်လေ'

လင်းလော့ချင်း သူ့ကို စ၍ဝသွားပြီးဖြစ်၍  ပြန်နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့... ဒါက အထူးလည်အခြေအနေမျိုးမို့ပါ... သူ(မ)ရဲ့ သရုပ်ဆောင်မှုစွမ်းရည်က တကယ်ကို တိုးတက်ဖို့တာကြောင့် ဇာတ်ကွက်ကို ပြန်လည်ပုံဖော်ဖို့ လိုအပ်တာ... ဒါက သူ(မ)ကို အစားထိုးတဲ့ ခံစားချက်ကို ရစေတယ်... မဟုတ်ရင် သူ့ကို ဆိုဖာပေါ်မှာပဲ ထိုင်ခိုင်းလိုက်လို့ရတယ်"

ဝူရှင်းယွမ် သူပြောသည်ကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။ချင်ရူယွင်၏ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ဝမ်းနည်းစရာကောင်းသည်။

"ဒါဆို မင်း အနားယူလိုက်ဦး... မနက်​ဖြန်​မှာ ရိုက်ကူး​ရေးတစ်​ခုရှိ​သေးတယ်​"

သူက သူ့အနုပညာရှင်ကို ဂရုစိုက်​လေသည်။

လင်းလော့ချင်း ခေါင်းညိတ်ပြပြီး သူ တံခါးအပြင်ကို ထွက်သွားသည်ကို ကြည့်​နေလိုက်သည်။

သူပြန်လှည့်လာပြီး သူ့နာရီကိုကြည့်လိုက်သည်။ကျိယွီရှောင် အိပ်ပျော်နေပြီထင်သည်။ကျိယွီရှောင် နှင့် ယနေ့တွင် ဗီဒီယိုကောလ်ပြောရန် စီစဉ်ထားသော်လည်း အစီအစဥ်အတိုင်းဖြစ်မလာပေ။သူ မနက်ဖြန်အထိ စောင့်ရုံသာတတ်နိုင်သည်။

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now