Chapter 199 Villain's father
December 14, 2023
Chapter 199ထိုဇာတ်ဝင်ခန်းက အလွန်ရိုးရှင်းသည်။လောင်စွန်းက သူ့ညီလေးကို ပိုက်ဆံသုံးရန် ခေါ်လာပြီး သူ့အကြိုက်ဆုံး ရှောက်ယောင်က သူနှင့် အတူသောက်ရန် ပေါ်လာသည်။ထိုနေရာမှ သူမ ထွက်လာသောအခါ၊ လုပ်ဖော်ကိုင်ဖက် အဖြစ် အသွင်ယူထားသော ရဲအရာရှိက သူမကိုမေးသည်။
"အစ်မရှောက်ယောင် သူက ဘယ်သူလဲ...ဘာလို့ သူ့ကို အဖော်ပြုပေးဖို့ လိုတာလဲ"
ရှောက်ယောင်က စွဲမက်ဖွယ်ကောင်းသောကိုယ်လုံးလေးဖြင့် လမ်းလျှောက်လာပြီးဆိုသည်။
"လုံရှင်းအုပ်စုရဲ့ ဒုဥက္ကဋ္ဌ စွန်းကော"
အမျိုးသမီးရဲအရာရှိက အံ့သြသည့်မျက်နှာပြသလာပြီး ရှောက်ယောင်ကို ချီးကျူးရန်လည်းမမေ့ပေ။
ဤအခန်းက သဘာဝအရ မခက်ခဲပါချေ။ ထိုနေရာတွင် ထိပ်တန်းပြည်ကြီးဒါလီတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးနှင့်အညီ ညှို့အားပြင်းပြီး စွဲဆောင်မှုရှိရန်သာ လိုအပ်သည်။ သို့သော် ချင်ရူယွင်က ၎င်းကို ကောင်းမွန်စွာ သရုပ်မဆောင်နိုင်ခဲ့ပေ။
လင်းလော့ချင်းက သူမကို ကြည့်ပြီး ပြောလိုက်သည်။
"ပြုံးပါ...ပိုဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့ ပြုံးကြည့်"
ချင်ရူယွင်က ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းထောင့်များကို ပင့်လိုက်သည်။
"အဲဒီလိုမဟုတ်ဘူး...ပိုသဘာဝကျရမယ်...ကျွန်တော်တို့က အခုရိုက်ကူးရေးလုပ်နေတာမဟုတ်ဘူး...ကျွန်တော်ကလည်း ဒါရိုက်တာဝမ် မဟုတ်ဘူး"
ချင်ရူယွင်က တောင့်တောင့်ကြီး ပြုံးနေဆဲဖြစ်သည်။
လင်းလော့ချင်း စိတ်ပူသွားသည်။
"ခင်ဗျားဖုန်းထဲမှာ ဓာတ်ပုံတွေရှိလား...ခင်ဗျားရိုက်ထားတဲ့ဆယ်ဖီ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ခင်ဗျားကိုရိုက်ပေးထားတာမျိူး"
ချင်ရူယွင်က ခေါင်းညိတ်ပြပြီး ဖုန်းကို လော့ဖွင့်ကာ ကမ်းပေးသည်။
လင်းလော့ချင်း : '...သူမက ရိုးအလွန်းတယ်...စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ခံရတယ်ဆိုတာ အံ့သြစရာမရှိတော့ဘူး'

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️