Chapter 67

349 59 1
                                    

Chapter 67
August 04, 2024
👾Chapter 67

[သူ့မျက်၀န်းများ၏အရောင်]


လင်းဟန်သည်  မူလက သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာခွန်အားကို မြန်မြန်ဆန်ဆန် ပြန်လည်ရယူနိုင်ပြီး အလုပ်ခွင်သို့ မကြာမီ ပြန်သွားနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဤကိစ္စက သူ မျှော်မှန်းထားသည်ထက် ပိုမိုခက်ခဲလိမ့်မည်ဟု  မထင်ထားခဲ့ချေ။

နယ်စပ်ဒေသမှ ပြန်ရောက်ခဲ့သည်မှာ သုံးရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လင်းဟန်က အခြေစိုက်ဆေးရုံ၏ ညွှန်ကြားချက်များကို လိုက်နာကာ အာဟာရဖြည့်စွက်စာများကို ယခင်ကထက် ပမာဏများပြားစွာ နေ့စဉ်နေ့တိုင်း သုံးစွဲခဲ့သည်။ ၎င်း၏ဘေးထွက်ဆိုးကျိုးများကြောင့် အာဟာရဓာတ်စာမှီ၀ဲပြီးသည့်အချိန်တိုင်း သူ့ထံတွင် အစားအသောက်နှင့်ပတ်သက်၍ ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုတစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အစားအစာအနံ့  ရှူရှိုက်မိသောအခါတွင် ဗိုက်ဆာခြင်းမရှိလာဘဲ မသိစိတ်၏စေ့ဆော်မှုအရ ပျို့အန်မှုကို ခံစားရသည်။

ထို့အပြင် စိတ်စွမ်းအင်အတိုင်းအတာတစ်ခု ပြန်လည်ရရှိပြီးနောက်တွင် စိတ်ဖတ်နိုင်သည့်စွမ်းရည်က သူ ထင်ထားခဲ့သည့်အတိုင်း ပြန်ရောက်မလာချေ။ 

တစ်ခြားသူများကို ထိဖို့ကြိုးစားပေမယ့် ဘာသံမှမကြားရသေးချေ။ လင်းဟန် သူပျော်ရွှင်သင့်သည်ဟု ခံစားမိလေသည်။

  အိမ်ပြန်ရောက်သည့် ပထမဆုံး‌နေ့တွင် သုတေသနအဖွဲ့အစည်းမှ လုပ်ဖော်ကိုင်ဖက်များ သူ့ထံ လာရောက်ခဲ့ကြသည်။ နောက်တစ်ရက်တွင် ရှန်ရှိုးနန်က နောက်တစ်ကြိမ်လာရောက်ခဲ့ပြီး လင်းဟန် သူ့အား ထိတွေ့ကြည့်သော်လည်း မည်သည်ကိုမျှ မကြားရ ပေ။

လင်းဟန်က သူ ပျော်ရွှင်သင့်သည်ဟု ထင်လေသည်။ နောက်ဆုံးတွင် သူသည် ပုံမှန်ဘဝသို့ ပြန်‌ရောက်လာပြီဖြစ်ကာ မကြားချင်သောအသံအချို့ကို မကြားနိုင်ရန် လက်အိတ် ၀တ်ဆင်ထားရန် မလို‌အပ်တော့ချေ။

သို့သော်  စိတ်မကောင်းဖြစ်နေမိဆဲပင်။

သူသည် ချီကျားမူ၏ အသနားခံမှုနှင့် ထိုနေ့က တွေ့ဆုံခဲ့သော ရူကျစ်ဟန်အကြောင်း တွေးမိသည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now