Chapter 66
August 03, 2024
👾Chapter 66[အဖြေက သိပ်မကြာခင် သူ့ဘာသာ ပေါ်လာလိမ့်မယ် ]
လမ်းပေါ်ရှိနေသည့်အချိန်က သိပ်မခက်ခဲနေပေ။
ချီကျားမူသည် မူလကတည်းက စကားနည်းသူဖြစ်ပြီး မက်ခါကိုလည်း မောင်းနှင်နေရသည့်အပြင် သူ့အညီ၏အရေးကိစ္စများကြောင့် ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောနေရတတ်သဖြင့် စကားမပြောလုနီးပါးပင် ဖြစ်နေသည်။
ဟယ့်ယွင်ထင်သည် လုအန်းဟယ်ကို တရားဝင်ထွက်ခွာခဲ့သည့်အချိန် တစ်ကြိမ်သာလျှင် ဆက်သွယ်ခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့ အင်ပါယာသို့ လုံခြုံစွာ မပြန်နိုင်သရွေ့ မည်သည့်စကားဆိုပါစေ အသုံးမ၀င်ချေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် အခြေခံအချက်အလက်များကို ရိုးရှင်းစွာ ဖလှယ်လိုက်ကြပြီး လုအန်းဟယ်က လိပ်စာတစ်ခုပေးကာ နယ်မြေသို့ အောင်အောင်မြင်မြင်ရောက်ရှိနိုင်သည့်အခါမှ အစီအစဉ်ရေးဆွဲမည်ဟု ပြောထားသည်။
လုအန်းဟယ်သည် ကယ်ဆယ်ရေးမက်ခါများစီစဥ်သည့်အခါ ဂရုတစိုက်ရှိပြီး လင်းဟန်အတွက် စဉ်းစားပေးလျက် အာဟာရဓာတ်စာများစွာကို ယူဆောင်လာပေးသည်။ သို့သော်လည်း နောက်ဆုံးရုန်းကန်ခဲ့ရမှုကြောင့် အဆုံးသတ်တွင် ချီကျားမူတစ်ယောက်သာကျန်ရစ်ခဲ့ပြီး ပထမအကြိမ်ထိပ်တိုက်ရင်ဆိုင်မှုတွင် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်သည့် မက်ခါများမှာ ပစ်မှတ်ထားခဲ့ရကာ ဖောက်ခွဲခံရမှုကို မရှောင်လွှဲနိုင်ခဲ့ချေ။
လင်းဟန်သည် သူ၏စိတ်ပိုင်းဆိုင်ရာ ခွန်အား ပြန်လည်မရရှိနိုင်သေးပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အပြန်ခရီးတွင် သူသည် လက်မောင်းထဲရှိ ကူးလုလုနှင့်အတူ ဒုတိယပိုင်းလော့အခန်းတွင် တစ်ယောက်တည်း အနားယူခဲ့သည်။ အိုမီဂါအတွက် အထူးခွဲဝေပေးထားသော အာဟာရဖြည့်စွက်စာများအပြင် ချီကျားမူ၏မက်ခါတွင်လည်း အရသာမရှိသောအရာများကို စားသုံးခြင်းထက် ပိုမိုကောင်းမွန်သည့် အခြားပြင်ဆင်ထားသောအစားအစာများ ပါရှိလေသည်။
အပြန်ခရီးသည် နှစ်ရက်သုံးရက်ခန့်ကြာမြင့်သော်ငြား၊ လူတိုင်းက အနားယူမှု မရှိလုနီးနီးဖြစ်သည်။သို့သော် လင်းဟန်အတွက်ကမူ မက်ခါကို မမောင်းနှင်နိုင်သောကြောင့် ခရီးတစ်လျှောက် ရံဖန်ရံခါ အိပ်ပျော်ခဲ့လေသည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း