Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၂၂)🌾ထိုနေ့ညကမိုးလင်းပေါက်ထိ ငြိမ်းဝေတို့ ပွဲဈေးထဲမှာပဲရှိနေခဲ့ကြသည်။ရန်ကုန်မုန့်ဟင်းခါးဆိုင်တို့ မုန့်သိုင်းခြုံဆိုင်တို့က ညလင်းပေါက်ဖွင့်ကြတာမို့အစားအစာတွက်က စိတ်ပူစရာမလို။ပွဲမကြည့်ဖြစ်ကြပေမယ့် ဟိုဟိုဒီဒီလိုက်ကြည့်လိုက် စားလိုက်ဖြင့် စောင်းတန်းပေါ်ရောက်သွားလိုက် အောက်ချိုင့်ထဲရောက်သွားလိုက်ဖြင့် ၂နာရီလောက်ထိ စည်ကားလျှက်ရှိသည်။
မိုးလင်းခါနီးတော့မှ အိပ်ချင်လာသော ငြိမ်းဝေတို့ အဝတ်ထုပ်တွေထားခဲ့သည့်အိမ်ကိုပြန်အိပ်ရမှာလဲ အားနာသဖြင့် မြစ်ဘေးကို ထွက်လာခဲ့လိုက်ကြသည်။မြင်းမူမြို့ရဲ့ မြစ်ကမ်းဘေးက ဘယ်အချိန်ကြည့်ကြည့် မလှသည့်အချိန်မရှိဟု ငြိမ်းဝေခံစားရသည်။
မြစ်ကမ်းဘေးတစ်လျှောက်မှာရှိသည့် ကွပ်ပျစ်တိုင်းတွင် ငြိမ်းဝေတို့လို ညလုံးပေါက်လည်ကြသည့်သူလေးတွေ ပုဆိုးခေါင်းမှီးခြုံကာ အတန်းလေးတွေလိုက်အိပ်နေကြပြီး တစ်ချို့ကတော့ မြစ်ထဲဆင်းကာ ရေချိုးနေကြသည်။ငြိမ်းဝေတို့ကတော့ အိပ်ချင်နေသည်မို့ လွတ်နေသည့် ကုက္ကိုလ်ပင်အောက်က ကွပ်ပျစ်ကိုတွေ့သည်နှင့် ဟန်တောင်မဆောင်နိုင်တော့ဘဲ တန်းပြီး ဝင်အိပ်တော့သည်။အကုန်လုံးက ဘောင်းဘီတွေနှင့်မို့ ခန္ဓာကိုယ်တွေသာ ကွေးပြီး အိပ်ရုံပဲရှိသည်။
ငြိမ်းဝေက ထောင့်မှာနေရာယူလိုက်သည်နှင့် ကျော်မိုးသိန်း ငြိမ်းဝေဘေးက နေရာကို အမြန်လှဲချဖို့လိုက်လိုက်ရာ ဂုတ်ကိုဆွဲဖက်လာသည့် လက်နှင့်အတူ စိုးလင်းမောင်၏ စပ်ဖြဲဖြဲမျက်နှာကြီးကပေါ်လာပြီး...
"ဟဲဟဲ ကျော်မိုးသိန်း...”
"ဘာလဲ...”
"ဟိုကောင်တွေရောဆို လူမဆန့်တော့လို့ ငါတို့နှစ်ယောက် ဟိုဘက်က စက်ကလုံးပင်အောက်သွားအိပ်ရအောင်...”
"မအိပ်နိုင်ဘူး..မင်းဘာသာသွားအိပ်...”
ကျော်မိုးသိန်း မျက်မှောင်ကြုတ်ပြီး အပြတ်ငြင်းလိုက်ကာ လှဲဖို့လုပ်လိုက်ပေမယ့် ပခုံးကို အားနှင့်တင်းဖက်ထားသူကြောင့် အဆင်မပြေ။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း