🍱Chapter 15
စားပွဲပေါ်မှာ ဟင်းသုံးပွဲရှိသည်။နီနီရဲငရုတ်သီးနုတ်နုတ်စင်းများနှင့်အစိမ်းရောင်နွေကြက်သွန်နုတ်နုတ်စင်းတို့ဖြင့် ငါးခေါင်းအစပ်နှပ်၊သပွတ်သီးကြက်ဥဟင်းရည်ချိုချိုနှင့် ဖရုံညွှန့်လတ်လတ်ဆတ်ဆတ်။
အရောင်အဆင်း၊အနံ့၊အရသာအကုန်လုံး ပြီးပြည့်စုံသည်။
လေးယောက်သားစားပွဲမှာထိုင်ပြီးနောက် ယွီချင်းဇယ်ကအရင်ဆုံးဟင်းပွဲများနာမည်ကိုမိတ်ဆက်ပေးလိုက်၏။
"ဒါက ငါးခေါင်းအစပ်ချက်"
ချန်လဲ့တို့မိသားစုဝင်သုံးယောက်က နီနီရဲရဲငါးခေါင်းပန်းကန်ကို သိချင်စိတ်အပြည့်ဖြင့်ကြည့်လိုက်ကြသည်။သို့ပေမဲ့ သူတို့သုံးယောက်က မတူညီသောအရာများကိုကြည့်နေကြခြင်းဖြစ်သည်။
အဘိုးချန်က ငါးကိုဒီလိုချက်လို့ရတာ်ပေါ့ဟုတွေးနေသည်။ချန်လဲ့က ဘယ်လိုချက်ထားလဲမသိစုတွေးနေသည်။ချန်ဟောက်ကကျ စားဖို့၊စားဖို့၊စားဖို့အကြောင်းပဲတွေးနေသည်...
"အဘိုး"
ချန်ဟောက်က လျှာသပ်ကာ သူ့အဘိုးကိုစိတ်အားထက်သန်စွာကြည့်လိုက်သည်။
အဘိုးချန်ကပြုံးကာဆိုသည်။
ချန်ဟောက်ကရေးခနဲအော်ကာ တူများကိုကားကာ ငါးခေါင်းအောက်ကအသားဖတ်လေးဆီကိုဦးတည်လိုက်၏။အစားကောင်းကြိုက်သူတစ်ယောက်အနေဖြင့် သူ၏အလိုလိုသိစိတ်အရ အသားဖတ်ကို ပန်းကန်ထဲကဟင်းရည်အနည်းငယ်ဖြင့်လည်းတို့လိုက်သေးသည်။
"ဝါး...အရသာရှိလိုက်တာ"
ထိုသို့ပြောပြီးနောက် ချန်ဟောက်က ထမင်းအလုတ်ကြိးကြီးယူကာသွပ်လိုက်ပြီး ဆိုသည်။
"အဘိုး အစ်ကို စားကြည့်"
သုံးယောက်သားသူ့ကိုကြည့်ကာ ခေါင်းတခါခါနှင့်ရယ်လိုက်ကြသည်။ပြီးခဲ့သည့်နှစ်ရက်အတွင်းမှာ ထမင်းဝိုင်းရှိချန်ဟောက်၏စကားများက ပိုပိုထပ်လာသည်။
အဘိုးချန်နှင့်ချန်လဲ့တို့လည်း ငါးခေါင်းအစပ်ဟင်းကိုမြည်းကြည့်ပြီးအံ့ဩသွားကြသည်။
"အရသာရှိတယ်မလား...လုံးဝမညှီဘူး...ရှူး စပ်လိုက်တာ...ဒါပေမဲ့အရမ်းအရသာရှိတယ်"
ချန်ဟောက်က အစပ်ကြောင့်တရှူးရှူးတရှဲရှဲဖြစ်နေပေမဲ့ သူ့တူများကလုံးဝရမသွားဘဲ ထမင်းပန်းကန်တစ်ဝက်လောက်ကိုခဏလေးအတွင်းမှာကုန်သွားလေသည်။
ဟုတ်သည်၊မြစ်ငါး၏ သူမတူသောအညှီနံ့လုံးဝရှိမနေပေ။
ထိုအစား ထူးဆန်းသော အနံ့တစ်ခုရှိနေပြီး မွှေးရနံ့ဖျော့ဖျော့ရကာ ငါးနှင့်ငရုတ်သီး၏အရာသာနှင့်ပေါင်းစပ်၍ အလွန်ထူးခြားသောအရသာကိုဖန်တီးထားသည်။ပြီးလျှင် ငါးကအလွန်လတ်ဆတ်နူးညံ့နေသေးပြီး ဟင်းရည်အနည်းငယ်ဖြင့်နှစ်လိုက်သည့်အခါ လတ်ဆတ်လန်းဆန်းမှုအပြည့်ရှိပြီးမွှေးကြိုင်နေသည်။

YOU ARE READING
စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး
Adventureမူရင်းရေးသားသူမဟုတ်ပါ Unicode Only Update - တစ်ပတ် ၂ပိုင်း IQ Team Tele channel မှာလည်းဖတ်ရှုနိုင်ပါတယ်