Chapter 14

618 90 0
                                    

🍱Chapter 14

  
သူ အိမ်ပြန်ရောက်ချိန်တွင် ချန်ဟောက်က တစ်နေ့လုံးပင်ပန်းထား၍ အိပ်ပျော်သွားခဲ့လေပြီ။ပင်မခန်းမဆောင်ထဲမှာ အဘိုးချန်ကဖျာရက်နေပြီး ချန်လဲ့ကအဝတ်ချုပ်နေသည်။နှစ်ယောက်သား ယွီချင်းဇယ်ကိုစောင့်နေရင်းအလုပ်ရှုပ်နေကြသည်။
  
သူပြန်လာသည်ကိုမြင်လျှင် ချန်လဲ့ကလက်ဟန်ပြပြီး သူ့ကိုရေချိုးချင်လားမေးလာသည်။သူ ချိုးချင်လျှင် ရေသယ်ပေးမည်ဟူ၍။အဘိုးချန်ကဘာသာပြန်ပေးသည်။
  
ယွီချင်းဇယ်က ခေါင်းခါကာ အဘိုးချန်နှင့်ချန်လဲ့ကိုစားပွဲမှာထိုင်ရန်ခေါ်လိုက်သည်။၎င်းနောက်သူက သူတို့နှင့်အလွန်လေးနက်စွာဆွေးနွေးလေသည်။

"အဘိုးချန် လဲ့ကောအာ...ကျွန်တော်က ဒီကိုပြောင်းလာခါစဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့လဲ့ကောအာကကျွန်တော့်ကိုကယ်တင်ခဲ့တယ်...ကျွန်တော့်ကိုအိမ်ခေါ်လာပြီးဂရုစိုက်ပေးခဲ့တယ်...ကျွန်တော် တကယ်ကျေးဇူးတင်တယ်...အဘိုးတို့သိကြတဲ့အတိုင်း ကျွန်တော့်မှာ ဒီမှာ ဆွေမျိုးမရှိသလို မိတ်ဆွေအပေါင်းအသင်းလည်းမရှိတဲ့အတွက် လောလောဆယ်သွားစရာနေရာမရှိဘူး...ဒါကြောင့်ကျွန်တော်အဘိုးတို့နဲ့ဆွေးနွေးချင်တယ်...မဟုတ်ဘူး တောင်းဆိုချင်တာပါ...ကျွန်တော်အဘိုးတို့ဆီကနေ တစ်စုံတစ်ခုတောင်းဆိုချင်ပါတယ်"
  
မြေးအဘိုးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ယွီချင်းဇယ်၏မျက်လုံးများထဲကလေးနက်မှုကိုမြင်ကြသည်။
  
အဘိုးချန်ကဆိုသည်။
"ပြောပါ"

ယွီချင်းဇယ် သူတို့နှစ်ဦးကို တလေးတနက်ဆိုလိုက်သည်။

"ကျွန်တော်အိမ်မှာအချိန်တစ်ခုလောက်နေချင်ပါတယ်...လစဥ်အိမ်ငှားခပေးမှာပါ...ပြီးရင် ကျွန်တော့်မှာပိုက်ဆံအလုံအလောက်ရှိတဲ့အခါသင့်တော်တဲ့နေရာတစ်ခုရှာပြီးပြောင်းနေမှာပါ"
  
ယွီချင်းဇယ်က ဤကိစ္စကိုပြောလာမည်ဟုသူတို့မမျှော်လင့်ထားကြပေ။
  
အဘိုးချန်က သူ့လက်ကိုဝှေ့ယမ်းကာ ဆိုသည်။
"ဒီမှာပဲနေပါ...ကျောတစ်ခင်းစာပေးရရုံဟာအိမ်ငှားခပေးစရာမလိုပါဘူး"
  
ချန်လဲ့ကလည်းခေါင်းညိတ်သည်။
  
ယွီချင်းဇယ်ကသဘာဝအတိုင်းအလကားနေရန်ငြင်းဆန်လိုက်ပေသည်။သူက အကူအညီမဲ့စွာ ဆိုလိုက်၏။

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now