🍱Chapter 13
စပ်တူလုပ်ငန်း...
ရွာလူကြီး မှင်သက်သွားပြီး မေးလိုက်သည်။
"မင်းက ငါနဲ့စပ်တူလုပ်ငန်းလုပ်ချင်တာလား...ဘာအတွက်လဲ...မင်းငါ့ကိုပုံစံပြာတွေအကုန်ရောင်းပြီးသွားပြီမဟုတ်ဘူးလား"
ယွီချင်းဇယ်ကပြုံးကာဆိုသညိ။
"ကျွန်တော့်မှာပုံစံပြာတချို့ရှိသေးတယ်...ကျွန်တော် ရွာလူကြီးနဲ့ပူးပေါင်းချင်..."
"ခဏလေး"
ယွီချင်းဇယ်စကားပြော၍မဆုံးခင်မှာပဲအဘိုးချန်ကဖြတ်ပြောလိုက်သည်။
အကုန်လုံးကခေါင်းလှည့်ကာအဘိုးချန်ကိုသိလိုစွာကြည့်လိုက်ကြသည်။
မျှော်လင့်မထားစွာပဲ အဘိုးချန်ကအပြုံးတစ်ပွင့်နှင့်ဆိုလာသည်။
"မင်းတို့ဆက်ပြောကြပါ...ရှောင်လဲ့ရှောင်ဟောက်မီးဖိုချောင်ထဲသွားကြအောင်"
ထို့နောက်သူက ရှေ့ကဦးဆောင်ပြီးမီးဖိုချောင်ဆီသွားလေသည်။
ချန်လဲ့နှင့်ချန်ဟောက်က သူတို့အဘိုးကိုအကြောင်းအရင်းအားမမေးခဲ့ကြပေ။သူတို့ယွီချင်းဇယ်၏ပုံစံပြာများနှင့်လုပ်ငန်းအကြောင်းသိချင်ပေမဲ့ သူတို့အဘိုးနောက်ကနေမီးဖိုချောင်ထဲနာနာခံခံလိုက်သွားကြဆဲဖြစ်သည်။ချန်ဟောက်က ခြေလှမ်း အနည်းငယ်လျှောက်ပြီးနောက် သူ၏စာရေးပျဥ်ပြားကို ပြေး၍ပြန်ယူသည်။သူက အက္ခရာ"ချန်"ကိုရေးတတ်သွားပြီဖြစ်ကာ "ဟောက်"ကိုပင်သင်နေပြီဖြစ်သည်။
အဘိုးချန်၏လုပ်ရပ်များကိုကြည့်ပြီး အဘိုးချန်က သူတို့အတွက်သီးသန့်နေရာပေးပြီးသံသယများကိုရှောင်နေခြင်းမှန်း ယွီချင်းဇယ်နှင့်ရွာလူကြီးသိလိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရွာလူကြီးကပြောသည်။
"မိတ်ဆွေလေး ငါ့အိမ်သွားစကားပြောကြရင်ရော...ငါ့အိမ်ဟောင်းမှာ ဘယ်သူမှမနေဘူး၊အဲဒီမှာငါတို့စကားပြောလို့ရတယ်...တစ်ခါတည်း စပါးပုတ်ကုတင်ဝယ်ဖို့ပိုက်ဆံလည်းငါမင်းကိုပေးမယ်"
ယွီချင်းဇယ်က ခေါင်းညိတ်သည်။
"ကောင်းပါပြီ"
နှစ်ယောက်သား မီးဖိုချောင်ဆီသွားကာ မြေးအဖိုးသုံးယောက်ကိုအကြောင်းကြားလိုက်သည်။အဘိုးချန်ကသူတို့ကိုသည်မှာပဲဆက်စကားပြော၍ရသည်ဟုပြောပေမဲ့ ရွာလူကြီးက သူ့သားများလည်းဝင်ပါသင့်သည်ဟုပြောသည်။ထို့ကြောင့်အဘိုးချန်လည်း အတင်းခေါ်မနေတော့ဘဲ တာ့ကျန်းကို ယွီချင်းဇယ်အားပြန်ပို့ခိုင်းရန်သာ ရွာလူကြီးကို ပြောလိုက်သည်။
ရွာလူကြီး၏အိမ်ကသိပ်မဝေးပေမဲ့ ယွီချင်းဇယ်က မြန်မြန်လမ်းမလျှောက်နိုင်သောကြောင့်အိမ်ရောက်ရန်ဆယ့်ငါးမိနစ်လောက်ကြာခဲ့သည်။
ရွာလူကြီးမှာသားသုံးယောက်ရှိသည်။အကြီးဆုံးသားနှင့်ဒုတိယသားက အိမ်ထောင်ကျသွားပြီဖြစ်သည်။အကြီးဆုံးသားမှာ သားသမီးနှစ်ယောက်ရှိပြီး ဒုတိယသားမှာ ခြောက်လသားခန့်ကလေးတစ်ယောက်ရှိသည်။ရွာလူကြီး၏အမေက သက်ရှိထင်ရှားရှိနေဆဲဖြစ်ကာ တစ်မိသားစုလုံးဥမကွဲသိုက်မပျက်အတူတူနေထိုင်ကြသည်။
အိမ်က အိပ်ခန်းလေးခန်းနှင့်ဧည့်ခန်းတစ်ခန်းပါသော်လည်း လူအရေအတွက်များသောကြောင့် ကြပ်သိပ်နေဆဲဖြစ်သည်။ထို့ကြောင့် ရွာလူကြီးနှင့်သူ့ဇနီးက အိမ်ဟောင်းမှာအိပ်ကြပြှး အိမ်ဟောင်း၏ပင်မခန်းမဆောင်ကို လက်သမားခန်းအဖြစ်ပြောင်းထားသည်။
ယွီချင်းဇယ် တံခါးဝကိုရောက်ချိန်မှာ ကလေးလေးတစ်ယောက်ကိုကျောမှာပိုးကာ တခြားနှစ်နှစ်သုံးနှစ်အရွယ်ကလေးကိုအစာကျွေးနေသောလူငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။သူ တံခါးဝမှာတုံ့ဆိုင်းနေပြီးဝင်မသွားခဲ့ပေ။
ရွာလူကြီးကအိမ်ထဲမှအဝတ်အိတ်တစ်လုံးထုတ်လာပြီး ယွီချင်းဇယ်ကိုခေါ်၍ပင်မခန်းမဆောင်ကိုဖြတ်ကာအနောက်ဘက်ကအိမ်ဟောင်းဆီရောက်လာသည်။
အိမ်ဟောင်းထဲမှာဆီမီးခွက်နှစ်ခုထွန်းထားပြီး လင်းထိန်နေသည်။ရွာလူကြီး၏သားသုံးယောက်ကအထဲမှာအလုပ်ရှုပ်နေကြသည်။အိမ်အနောက်ဘက်မှာ ပြီးသွားသောထုတ်ကုန်တချို့ရှိပြီး ဗီရိုများ၊စားပွဲနှင့်ကုလားထိုင်များ၊သစ်သားရေပုံးများနှင့်သစ်သားဇလုံများစသည်တို့ဖြစ်သည်။
"တာ့ကျွမ်း အရင်ထွက်နှင့်...ငါမင်းအစ်ကိုတွေနဲ့ဆွေးနွေးစရာရှိတယ်"
ရွာလူကြီးက အိမ်ထဲကိုဝင်ဝင်ခြင်းပဲ သူ၏တတိယသားကိုပြောလိုက်သည်။
တာ့ကျွမ်းက ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ကောင်လေးဖြစ်သည်။မနေ့က ကျွဲကျောင်းရင်းပြဿနာဖြစ်စေမိ၍ ညနေမှာအရိုက်ခံရသည်။ယခုအချိန်မှာ သူက အလွန်ကိုမှလိမ္မာနေပြီးထွက်သွားခိုင်းသည်နှင့်မဆိုင်းမတွထွက်သွားလေသည်။
ရွာလူကြီးကရှင်းလင်းရေးလုပ်နေချိန်တွင် ယွီချင်းဇယ်က အိမ်အနောက်ဘက်က ပြီးသွားသောထုတ်ကုန်များနေရာကိုသွားပြီး သေသေချာချာကြည့်ရှုလေ့လာခဲ့သည်။ဤအရာများက ပုံစံအားဖြင့် ရိုးရှင်းပြီး ရှေးဆန်ပေမဲ့ ရွာလူကြီးမိသားစုကလက်ဆင့်ကမ်းပေးသော လက်သမား အတတ်ပညာအမွေက တကယ်ကိုကောင်းသည်ဟုဆိုရပေသည်။
အစတုန်းက ယွီချင်းဇယ်က သူ့စရိုက်ကြောင့် ပိုက်ဆံအမြန်ရှာရန်ရွာလူကြီးနှင့်ပူးပေါင်းချင်ခဲ့ခြင်းဖြစ်ပေမဲ့ ယခုအချိန်မှာ သူစိတ်ပြောင်းသွားပြီဖြစ်သည်။ရေရှည်ပူးပေါင်းမှုအဖြစ်သို့ပြောင်းလဲရန်အလုပ်ဖြစ်နိုင်သည်။မည်သို့ပင်ဖြစ်စေ လက်ရာကတကယ်ကောင်းသည်ပင်။
ရွာလူကြီးက တံခါးပိတ်ကာအလယ်ကစားပွဲကိုရှင်းလိုက်ပြီး ယွီချင်းဇယ်ကိုထိုင်ခိုင်းလိုက်သည်။ထို့နောက် သူကသူ့သားနှစ်ယောက်ကိုခေါ်လိုက်၏။လေးယောက်သားစားပွဲပတ်ပတ်လည်မှာစုကာ အစည်းအဝေးပွဲတစ်ခုစတင်ခဲ့ကြသည်။
ရွာလူကြီးက ယွီချင်းဇယ်ကို သူ၏အကြီးဆုံးသားယွီတာ့ကျန်းနှင့်ဒုတိယသားယွီတာ့ယုံတို့နှင့်မိတ်ဆက်ပေးသည်။

YOU ARE READING
စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး
Adventureမူရင်းရေးသားသူမဟုတ်ပါ Unicode Only Update - တစ်ပတ် ၂ပိုင်း IQ Team Tele channel မှာလည်းဖတ်ရှုနိုင်ပါတယ်