Chapter 12

636 91 0
                                    

🍱Chapter 12

နေ့လယ်ခင်းမှာ ယွီချင်းဇယ်မအိပ်ဘဲပုံများကိုအချောကိုင်နေလိုက်သည်။
  
စပါးပုတ်ကုတင်၏တည်ဆောက်ပုံက အတော်လေးရိုးရှင်းသောကြောင့် သူက၎င်းကိုသစ်သားပြားပေါ်မှာတိုက်ရိုက်ဆွဲလိုက်သည်။သို့သော်လည်း ခြေနင်းခြွေစက်နှင့်စပါးလှေ့လှည်း၏တည်ဆောက်ပုံက ပို၍ရှုပ်ထွေးသဖြင့် သူ​မြေပေါ်မှာပုံကြမ်းအရင်ဆွဲပြီး အစိတ်အပိုင်းတစ်ခုချင်းစီ၏ အရွယ်အစားနှင့်အလျားအရှည်ကဲ့သို့သောအသေးစိတ်များကိုအတည်ပြုရန်လိုအပ်သည်။

အထူးသဖြင့် ခြေနင်းခြွေစက်အတွက် သူဂီယာတစ်ခုချင်းစီ၏အရွယ်အစား၊အံဝင်ခွင်ကျဖြစ်မဖြစ်၊လှိမ့်ဘီးများအတွက်သစ်သား​ပြားများ၏အလျားနှင့်အနံစသည်တို့ကိုအတည်ပြုရန်လိုအပ်လေသည်။အကုန်လုံးကိုအတည်ပြုပြီးပြီဆိုခါမှ သစ်သားပြားပေါ်မှာဆွဲမှာဖြစ်သည်။
  
ဤသည်ကအလွန်လက်ဝင်သောအလုပ်ဖြစ်သည်။
  
နေ့လယ်မှာ ပျိုးပင်များစိုက်ရမှာဖြစ်ပေမဲ့ ယွီချင်းဇယ်၏ခြေထောက်ဒဏ်ရာကမသက်သာသေးသဖြင့်သူက ကူလုပ်ပေး၍မရပေ။ထို့ကြောင့် သူကအိမ်မှာပဲ ပုံဆွဲရာမှာအာရုံစိုက်နေလိုက်သည်။
  
နေလယ်တစ်ပိုင်းလုံးသုံးပြီးနောက်မှာ စက်များ၏တည်ဆောက်ပုံ ပုံကြမ်းများကိုအကြမ်းအားဖြင့် ရသွားပြီဖြစ်သည်။အသေးစိတ်တချို့သာကျန်တော့ပြီး ယင်းတို့ကို ဆောက်လုပ်ရေးတွင်ပါဝင်သောလူများနှင့်ဆွေးနွေးပြီးဆုံးဖြတ်ရန်လိုအပ်သည်။မည်သို့ပင်ဖြစ်စေ သူတို့ကကျွမ်းကျင်ပညာရှင်များမဟုတ်ပါလော။
  
ညနေခင်း ညစာစားချိန်မှာယွီချင်းဇယ်ကအဘိုးချန်ကိုသူ့ကိုရွာလူကြီးအိမ်ခေါ်သွားခိုင်းသည်။မနေ့ညက အဘိုးချန်ကိုသူ့အကြံအစည်ကြောင်းပြောပြပြီးသွားပြီဖြစ်သည်။
  
သူဤမျှမြန်မြန်ဆန်ဆန်ပြီးသွားသည်ကိုမြင်လျှင် အဘိုးချန်ကချက်ချင်းပဲသူ့ကိုခေါ်သွားရန်သဘောတူသည်။ချန်ဟောက်က စပ်စုချင်နေသဖြင့် ပျော်စရာထဲဝင်ပါရန် သူတို့နောက်ကနေပါလာလေသည်။
  
သို့သော် သူတို့ခြံထဲကမထွက်ခင်မှာပဲ ကြက်တစ်ကောင်နှင့်ငါးတစ်ကောင်သယ်လာသောရွာလူကြီးနှင့်တည့်တည့်တိုးလေသည်။

စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး Where stories live. Discover now