🍱Chapter 11
"အစ်ကိုကြီးယွီ"
ထမင်းစားပြီးနောက် ချန်ဟောက်က ပါးစပ်သုတ်ကာ ယွီချင်းဇယ်နားကပ်လာပြီး သူ့ကိုတလက်လက်တောက်ပနေသောမျက်လုံးများဖြင့်ကြည့်လာသည်။
ယွီချင်းဇယ်ကမေးလိုက်သည်။
"ဘာကိစ္စလဲ"
ချန်ဟောက်ကခေါင်းညိတ်သော်လည်း ပြောတော့မည်ပြုချိန်မှာတုံ့ဆိုင်းသွားပြန်သည်။
အိုး ဒါကတကယ်ကိုရှားတာပဲ...အမြဲတမ်းစိတ်ထဲရှိရာပြောတတ်တဲ့ကောင်လေးက တကယ်ကြီးတုံးဆိုင်းနေတယ်...ယွီချင်းဇယ်မျက်ခုံးပင့်လိုက်သည်။"ပြောပါ ဘာကိစ္စလဲ"
"အမ်း ဒီလိုပါ"
ကောင်လေးချန်ဟောက်က မျက်နှာနီသွားပြီး သူကတကယ်ကိုအရှက်မရှိသည်ပဲဟုခံစားရသည်။သို့ပေမဲ့ သူ့စိတ်ထဲကပြင်းပြသောဆန္ဒကိုမတွန်းလှန်နိုင်သဖြင့်နောက်ဆုံးမှာသူကမေးလိုက်သည်။
"အစ်ကိုကြီးယွီ ကွန်ဖူးတတ်လားဟင်...ကျွန်တော့်ကိုသင်ပေးပါ့လား"
ဆိုတော့ ဒီကိစ္စပေါ့...
ယွီချင်းဇယ်ကချန်ဟောက်၏ကိုယ်လုံးသေးသေးလေးကိုကြည့်လိုက်သည်။လေ့ကျင့်ခန်းလုပ်ရင်ပိုရှည်လားမလားမသိ...သူကခေါင်းညိတ်ကာ ပြောလိုက်သည်။
"ရတာပေါ့...ဒါပေမဲ့ ငါက ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ အခြေခံအကွက်တချို့ပဲသိတယ်""အဲဒါကတင်ကိုမိုက်နေပြီလေဗျာ"
"အရမ်းခက်တာနော်""ကျွန်တော်မကြောက်ဘူး"
"ဒါဆိုလည်းကောင်းပြီလေ"
"ကောင်းလိုက်တာ"ယွီချင်းဇယ် သဘောတူလိုက်သည်ကိုကြားလျှင်ကောင်လေးကထခုန်လိုက်ပြီးအလွန်ကိုမှစိတ်လှုပ်ရှားနေသည်။
"ကျွန်တော်ကျွမ်းသွားရင် အစ်ကိုနဲ့အဘိုးကိုကာကွယ်နိုင်ပြီ"
ယွီချင်းဇယ်ကပြုံးကာသူ့ဘာသူတွေးလိုက်သည်။အမှန်တော့ မင်းအစ်ကိုကအားမနွဲ့ပါဘူးကွာ သာမန်လူတွေကသူ့ကိုအနိုင်မတိုက်နိုင်ကြဘူးလေ...သို့ပေမဲ့ ကောင်လေး၏ဆန္ဒများနှင့်အိပ်မက်များကလှပလွန်းသဖြင့် ချီးမွမ်းထိုက်ကာကွယ်ထိုက်ပေသည်။
နှစ်ယောက်သား ကောက်ရိတ်ချိန်ပြီးသွားပြီးနောက် စသင်ကြရန်သဘောတူလိုက်ကြသည်။
"အစ်ကိုကြီးယွီ ဘာလုပ်နေတာလဲ"

YOU ARE READING
စားဖိုမှူးကြီး၏ ဆွံအနေသောကောလေး
Adventureမူရင်းရေးသားသူမဟုတ်ပါ Unicode Only Update - တစ်ပတ် ၂ပိုင်း IQ Team Tele channel မှာလည်းဖတ်ရှုနိုင်ပါတယ်