Uni
"အပိုင်း ၄"
နွယ် ဆီကို ယုယမိုးငယ်ဆိုသည် မိန်းကလေး ဆက်သွယ်လာသည်အခါ နွယ် အံ့သြရသည်။ ဒီမိန်းကလေး ဒီလောက်ရဲတင်းရသလား ဟု တွေးမိသည်အခါ နွယ်၏ စိတ်တို့သည် အတော်ကို အဆင်မပြေဖြစ်ရသည်။ ထိုကြောင့် နွယ်သည် လင်းလင်းဆီကို ဖုန်းဆက်လိုက်သည်။ လင်းလင်းသည် နွယ်၏ အားကိုးရာ သူငယ်ချင်းဖြစ်သလို နွယ်ဘဝ ကိုယ်ချင်းစာပေးနိုင်သော သူငယ်ချင်းဖြစ်သည်။ တစ်ခုခု အရေးကြုံလျှင် လင်းလင်းကသာ အနီးဆုံး တိုင်ပင်ဆွေးနွေးဖော် သူငယ်ချင်း ဖြစ်သည်။ လင်းလင်းသည် သူမ ဖုန်းဆက်လိုက်သည်ကို အံ့သြနေပုံရသည်။
"အမလေး သမုဒယနွယ်ရယ် ပြီးခဲ့တဲ့ အပတ် ပြန်သွားကတည်းက ရှင် ကျွန်မကို ဖုန်းမဆက်တာ အခုတော့ ဖုန်းတွေ ဘာတွေ ဆက်လို့ပါလား"
ဖုန်းကိုင်သည်နှင့် လင်းလင်းက သူမကို ရန်တွေ့သည်။ နွယ်သည်လည်း ချစ်သူငယ်ချင်းလေး၏ အပြုအမူကြောင့် ပြုံးမိသွားသည်။
"ငါ နင့်နဲ့ တိုင်ပင် စရာရှိလို့ပါ လင်း"
"အထူးအဆန်းပါလား။ ဖုန်းထဲက ပြောမှာလား"
နွယ်သည် သက်ပြင်းချလိုက်မိသည်။ ဖုန်းထဲက ပြောရန် အဆင်မပြေသည့် စကားဖြစ်နေ၍
"တွေ့နေကျ ကော်ဖီဆိုင်ကို လာခဲ့လင်း။ ဖုန်းထဲက ပြောလို့ အဆင်မပြေတဲ့ ကိစ္စမို့ပါ လင်းရယ်"
"အိုကေ။ အဲဒါဆို သားသာကို သူ အဖေ့နဲ့ ထားခဲ့ပြီး လင်း လာခဲ့မယ်နွယ်။ နာရီဝက်လောက်စောင့်နော်"
"အင်း နွယ်လဲ အခုထွက်ခဲ့မယ်"
လင်းလင်းနှင့် ဖုန်းပြောပြီးသည်အခါ နွယ်သည် ကားသော့ကို ယူကာ အိမ်မှထွက်လာခဲ့လိုက်သည်။ ယခုအချိန်မှာ နွယ် စိတ်ထဲ ရှုပ်ထွေးနေခဲ့ပါသည်။ မျက်နှာပြောင် တိုက်လွန်းသည် မိန်းကလေးကိုလဲ အံ့သြရသည်။ ဖောက်ပြန်ရက်သည် မင်းခညီကိုလဲ စက်ဆုတ်မိသည်။
နွယ် ကော်ဖီဆိုင်ကို ရောက်ပြီး မကြာခင် လင်းလင်းရောက်လာခဲ့သည်။ လင်းလင်းရောက်လာသည် အခါ ကော်ဖီနှစ်ခွက်ကို အလယ်ထားလိုက်ပြီး

YOU ARE READING
သံယောဇဥ်နှောင်ကြိုး
Romanceအိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောကျာ်းနဲ့ ကွာရှင်းပြီး တစ်ခုလပ်ဖြစ်သွားတဲ့ သူမက ငယ်သူငယ်ချင်း ကောင်လေးနဲ့ ပြန်တွေ့တဲ့ အခါ.....။ သူမ တစ်ယောက်တည်းကိုသာ ချစ်ခဲ့ဖူးတဲ့ အမျိုးသားအတွက် သူမ အချစ်တွေ ပြန်လည်အသက်ဝင်လာမှာလား။ ဒါမှ မဟုတ် အေးစက်သွားမှာလား။