Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၁၉)🌾ဦးစိုးဝေ အိမ်ရှေ့က ထန်းလက်ကုလားထိုင်ပေါ်ထိုင်ပြီး ကောင်းကင်ကိုတွေတွေကြီး မော့ကြည့်နေမိသည်။များပြားလွန်းတဲ့အတွေးတွေက ဦးစိုးဝေကို နေ့တိုင်း နေ့တိုင်း ဖိစီးနေသဖြင့် သားဖြစ်သူနှင့်တောင် စကားကောင်းကောင်းမပြောဖြစ်တာကြာပြီဖြစ်သည်။
ရှေ့တစ်ပတ်တုန်းက မျိုးစေ့ဝယ်ရင်း သူမြို့ကိုတက်ဖြစ်ခဲ့သေးသည်။ထိုအချိန်တုန်းက သူသိချင်လွန်းလို့ ထိုလူတွေရှိတဲ့ ဆံပင်ညှပ်ဆိုင်ကို သူသွားခဲ့သေးသည်။မိန်းကလေးတွေလို ဝတ်စားထားပြီး မိတ်ကပ်တွေ လိမ်းခြယ်ထားသည့် ထိုလူတွေက အပြုအမူ၊အပြောအဆိုကအစ မိန်းကလေးနှင့်မခြားသလို ပိုပြီး စကားအသုံးအနှုန်းကလည်း ပွင့်လင်းသည်။
သူတို့အချင်းချင်းပြောတဲ့ စကားတစ်ချို့ဆို ဦးစိုးဝေ နားမလည်။ဘယ်ဘာသာစကားကိုသုံးနေလဲမသိပေမယ့် သူတို့ချင်းပြောပြီး ရယ်နေကြသည်။များသောအားဖြင့် ထိုဆိုင်မှာ ဆံပင်လာညှပ်သူများက မိန်းကလေးအများစုနှင့် ယောင်္ကျားလေးဆိုရင် လူငယ်လေးတွေနှင့်ကလေးတွေဖြစ်သည်။
ထိုအချိန်တုန်းက ဦးစိုးဝေကို ဆံပင်ညှပ်ပေးနေသည့်သူမှာ သာမန်ယောင်္ကျားလေးလိုပဲ ဝတ်ထားပြီး ငြိမ်းဝေထက် ပိုပြီး အရပ်ပုကာ အသားကလည်းငြိမ်းဝေထက်ပိုပြီး ဖြူစွတ်နေသည်။စကားတစ်ခွန်းမှ ပြောသံကိုမကြားရပေမယ့် ထိုကလေးမျက်ဝန်းတွေကတော့ ဒီအလုပ်မှာပျော်ရွှင်နေသည့်ဟန်။
“ပဲလှော်လေး...အဲ့ဒီတစ်ခေါင်းပြီးရင် ထမင်းစားလိုက်တော့နော်...မာမီ အိမ်ကနေ ဝက်သားနီလေးချက်လာတယ် ပုန်းရည်ကြီးသုပ်လည်းပါတယ်..”
“ဟုတ်ကဲ့ မာမီ...”
ထိုအချိန် ဆိုင်ထဲကို မိန်းမကြီးတစ်ယောက် ထဘီကိုမပြီး ဝင်ချလာကာ..
“ဟဲ့ နေရဲကျော်..အိမ်ကို ပြန်မလာတာ တစ်ပတ်ရှိလို့ ငါလိုက်လာတာ နင်ကတော့ အခြောက်တွေတစ်ရုံးရုံးနဲ့ သာယာနေတာပေါ့လေ..ဟုတ်လား...ဟမ်..”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း