Chapter 198

908 149 0
                                    

Chapter 198 Villain's father
December 14, 2023
Chapter 198

တစ်ဖက်လူက အလွန်ဒေါသထွက်နေပုံရပြီး အသံကို တမင်တကာ မလျှော့ခဲ့ပေ။

"ဒီအခွင့်အရေးရဖို့ ငါဘယ်လောက်ကြိုးစားခဲ့ရလဲ နင်သိလား...အခုတော့ကောင်းရော...နင်က ထပ်ပြီး ဖျက်စီးပစ်လိုက်ပြီ..နင်လုပ်တတ်တာဘာရှိလဲ...ဘာလို့ဒီလောက်တုံးနေရတာလဲ... မိန်းမတစ်ယောက်လို ကလူ၏သို့မြှူ၏သို့လေးတောင်မလုပ်တတ်ဘူး...နင်က မိန်းမ​ရောဟုတ်ရဲ့လား"

"တောင်းပန်ပါတယ်"

လင်းလော့ချင်း၏ ခြေသံများ ရပ်တန့်သွားသည်။ဤအသံက အနည်းငယ်ရင်းနှီးနေသည်။

"တောင်းပန်ပါတယ် ဟုတ်လား...တောင်းပန်တော့ဘာရလဲ... နင့်အတွက် ငါဘယ်လောက်ကြိုးစားအားထုတ်ခဲ့ရလဲသိလား... နင်ကရော...နင်ကကျ ငါ့ကိုဒီလိုပြန်ဆပ်လိုက်တယ်ပေါ့... ဒီထက်ပိုပြီး ကောင်းအောင်လေးမလုပ်နိုင်ဘူးလား...ဇာတ်ကားထဲမှာ သရုပ်ဆောင်ရင် သေမှာမလို့လား"

ချင်ရှုယွင်က ခေါင်းခါသည်။အခုထိ ရိုက်ကူးရေးထဲက ၀တ်စုံကိုပဲ သူမက ၀တ်ဆင်ထားဆဲဖြစ်၏။အေးစက်သောလေထဲတွင် သူမ၏ သွယ်လျသောလက်နှင့် ခြေထောက်များက တုန်ယင်နေသည်။သူမက ဤမျှထိကြိုးစားသည့်တိုင် ကောင်းကောင်းသရုပ်မဆောင်နိုင်သေးသည့်အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်နေသည်။

"ကျွန်မ သရုပ်မဆောင်ချင်တော့ဘူး... အဲဒီအစားသီချင်ဆိုလို့​မရဘူးလား...ကျွန်မကို အဆိုတော်လုပ်ရမှာလို့ အစတုန်းက ပြောခဲ့တာမဟုတ်ဘူးလား...ကျွန်မက တကယ်ကိုသရုပ်မဆောင်တတ်ဘူး...ကျွန်မကိုယ်၌က ဒီလိုမျိုးပဲ...ယန်ကော ကျွန်မသီချင်းဆိုပါရစေ...သရုပ်မဆောင်တော့ဘူး ဟုတ်​ပြီလား"

"ဒါက ဘယ်လိုဟာသမျိုးလဲ...အခုခေတ် ဂီတအသိုင်းအဝိုင်းက ဘယ်လိုမျိုးလဲ နင်မသိဘူးလား...နင့်မှာ ပရိသတ်မရှိသလို နာမည်လည်း မရှိဘူး... နင်ဆိုတာကို ဘယ်သူမှ နားထောင်မှာမဟုတ်ဘူး...နင်ရုပ်က အဆင်ပြေလို့သာမဟုတ်ရင် ကုမ္ပဏီက နင့်ကိုလက်မှတ်ထိုးပြီး သရုပ်ဆောင်ဖို့ အခွင့်အ​ရေး​ပေးမှာတဲ့လား...နင်က တကယ်ကောင်းတယ်...အခုတော့ အဲဒီအခွင့်အရေးကပျက်စီးသွားပြီ...ကိုယ့်နေရာကိုယ်သိပါဟုတ်ပြီလား...ငါ နင့်ကိုပြောမယ်...ဒီတစ်ခါ နင်လုပ်နိုင်ရင် လုပ်...မလုပ်နိုင်ရင်တောင် ကျော်နိုင်အောင် နည်းလမ်းတစ်ခုခုရှာလိုက်...မဟုတ်ရင် ဒါရိုက်တာဝမ်က နင့်ကိုထုတ်ပစ်လိမ့်မယ်စောင့်နေ... ကုမ္ပဏီရဲ့ အရင်းအမြစ်တွေအများကြီးကို ဖြုန်းတီထားပြီး တစ်ကျပ်တစ်ပြားမှ ပြန်မပေးဘူး...နင်က တကယ်ကို အံ့သြစရာကောင်းတယ်"

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now