Chapter 197 Villain's father
December 14, 2023
Chapter 197ကျိုးချန်ရွှမ်နှင့်အပြိုင် သရုပ်ဆောင်ရသည့် မင်းသားပေါက်စက သူ၏ သရုပ်ဆောင်မှုကို လိုက်မမီမှန်းထင်ရှားလေသည်။သူက ကြိမ်ဖန်များစွာ စာသားမှားပြောပြီး ဒါရိုက်တာဝမ်မှာ "ကဒ်"ဟု ခဏခဏပြောနေရသည်။ဇာတ်ကြောင်းကိူ အကြိမ်ပေါင်းများစွာ ပြောပြပြီးနောက်မှာ သူ့အခြေအနေ သိသိသာသာ တိုးတက်လာသည်။
နောက်ဆုံးမှာ ထိုအခန်း ပြီးဆုံးသွားကာ ကျိုးချန်ရွှမ်နှင့် လင်းလော့ချင်းတွဲရိုက်ရမည့် အလှည့်ရောက်လာသည်။
လင်းလော့ချင်းက ချက်ချင်း လျှောက်သွားကာ ဒါရိုက်တာဝမ်က သူ့အား ဇာတ်ဝင်ခန်းအကြောင်း ပြောပြသည်ကို နားထောင်သည်။ ဒါရိုက်တာဝမ်က သူ၏နာခံမှုရှိမှုကို မြင်ပြီး ဒါရိုက်တာကျန်း၏ ချီးကျူးစကားကို သတိရသွားသည်။ သူက ပြုံးပြီးပြော၏။
"မင်းရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းတယ်လို့ လောင်ကျန်းက ပြောခဲ့တယ်... အခု သူပြောသလိုမျိုးပဲလားဆိုတာ ငါကိုယ်တိုင်မြင်ရတော့မယ်"
"ကောင်းပါပြီ"
လင်းလော့ချင်းက လုံးဝမကြောက်ပေ။
ဒါရိုက်တာဝမ်က ယခုလိုပြောခဲ့ပေမဲ့ လင်းလော့ချင်းကို စမ်းသပ်ရန် အမှန်တကယ် အစီအစဉ်မရှိခဲ့ပါချေ။လင်းလော့ချင်းက ငယ်သေး၏။ ငယ်ရွယ်သောသရုပ်ဆောင်တစ်ဦးက သရုပ်ဆောင်စွမ်းရည်ကောင်းလျှင်ပင် ကာရိုက်ထဲဝင်လိုက်သည်နှင့် လေးနက်ပြီး အရှိန်အဝါအပြည့်ဖြစ်လာသော ကျိုးချန်ရွှမ်ကဲ့သို့ ဝါရင့်သမ္ဘာရင့်မင်းသားကြီးကို ချက်ချင်း အမီမလိုက်နိုင်သည်မှာ ပုံမန်ဖြစ်သည်။
ထို့ကြောင့် သူတို့ကို ညွှန်ကြားပြသပေးရန် ဒါရိုက်တာတွေ လိုအပ်ခြင်းဖြစ်သည်။သရုပ်ဆောင်တွေက ဘာမှပြဿနာမရှိလျှင် ဒါရိုက်တာတစ်ယောက်အဘယ်မှာ လိုအပ်ဦးမည်နည်း။
ဒါရိုက်တာဝမ်က လူငယ်သရုပ်ဆောင်များအပေါ် အလွန်စိတ်ရှည်သည်းခံသည်ဟု ဆိုနိုင်သည်။ ငယ်ရွယ်သူတွေအစ ရင့်ကျက်သူတွေအဆုံး စိတ်ဓာတ်ကောင်းပြီး ကြိုးစားချင်စိတ်ရှိသရွေ့ အဆင်ပြေလေသည်။

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️