Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၁၈)🌾မနက်ပိုင်းဆို မြို့တက်သူတွေ တစ်ရွာသွားသူတွေဖြင့် လူများတာမို့ ထော်လာဂျီက အမြဲနောက်ပိုင်းဖွင့်ထားလေ့ရှိသည်အထိ အပြည့်အလျှံပင်။ စိုးလင်းမောင် ထော်လာဂျီအစွန်းမှာ ပြုံးတုံ့တုံ့မျက်နှာနှင့်ထိုင်နေသော ငြိမ်းဝေကိုကြည့်လိုက်ပြီး နားမလည်နိုင်။မနေ့ည ဗီဒီယိုရုံမှ ပြန်လာပြီးကတည်းက ထိုမျက်နှာဘေးဖြစ်နေသည့် ငြိမ်းဝေက မသိလျှင် အပမှီလာသလားမှတ်ရသည်။
တစ်ညလုံးလည်း အဲ့ဒီကောင်၏ မျက်နှာကျက်ကိုကြည့်ပြီး ပြုံးနေသည့်ပုံစံကြောင့် စိုးလင်းမောင်တောင် ရဲရဲမအိပ်ရဲသည်အထိဖြစ်ရသည်။ဒီကောင်မြို့တက်ပြီး ဟိုကိစ္စနှင့်ပတ်သက်ပြီး သေချာအောင်လုပ်စရာရှိသည်ဆိုလို့ စိတ်ပူပြီးလိုက်ခဲ့တာဖြစ်သော်လည်း ဘယ်ကိုသွားပြီး ဘာလုပ်မယ်မှန်း အခုထိမသိ။ငြိမ်းဝေမျက်နှာကိုကြည့်ပြီး မေးရမည့်သူတောင် လမ်းပျောက်သလိုခံစားရသည်။ထို့ကြောင့် စိုးလင်းမောင်လဲ မြင်းမူရောက်မှပဲ ကြည့်လှုပ်ရှားတော့တာပေါ့ဟုတွေးကာ ထော်လာဂျီအစွန်းကိုမှီရင်း မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။
ငြိမ်းဝေ ညတုန်းက အခိုက်အတန့်လေးကိုပြန်တွေးမိတိုင်း သူ့မှာ ဖြစ်နိုင်လျှင် ဇာတ်ကားတွေကိုရစ်ကြည့်သလို ပြန်ရစ်ချင်စိတ်တွေပေါက်ရသည်။သို့သော် မဖြစ်နိုင်သဖြင့် သူ့မှာ တစ်စိမ့်စိမ့်တွေးပြီး ပြုံးနေရုံသာ ရှိသည်။
ကိုဉာဏ်လင်းထည်ရဲ့ အသံဩရှရှက ငြိမ်းဝေ နားထဲကို ချောဆီလေးနှင့်လောင်းထည့်လိုက်သလို ရွှတ်ခနဲ ဝင်လာသည်မှာ နှလုံးအိမ်ကိုထိမှပဲ ရပ်သွားသဖြင့် ငြိမ်းဝေမှာ အသက်ရှူလို့မဝနိုင်တွေပါ ဖြစ်သွားရသေးသည်။
ဘာသဘောနှင့်ထိုသို့မေးသလဲမသိပေမယ့် ထိုလူ့ကို တိတ်တိတ်လေးကြိုက်နေမိသောငြိမ်းဝေအတွက်ကတော့ သူခိုးလူမိသွားသလိုဖြစ်သွားရသည်။ထိုလူ၏ ပြုံးရိပ်သန်းနေသည့်မျက်ဝန်းတွေက သူ့ကိုလှောင်ချင်နေသည်လား ဘာလား ညာလား ငြိမ်းဝေ သေချာမဝေခွဲနိုင်ခဲ့ပေမယ့် ထပ်ကြည့်ဖို့လဲ မရဲတာကြောင့် ငြိမ်းဝေ ထိုအချိန်ကစပြီး တီဗွီကနေ မျက်စိမခွာရဲခဲ့ပေ။အခုပြန်တွေးကြည့်တော့ သုံး၊လေးခါလောက် ခိုးကြည့်မိရင်ကောင်းသားဟု နောင်တရမိပြန်သည်က အရူးတစ်ယောက်လို။

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း