Chapter 64
August 02, 2024
👾Chapter 64[ စိတ်ဆန္ဒ ]
လင်းဟန်သည် သတ္တဝါများကြားတွင် အခြေခံအကျဆုံး အပြုအမူများကို ဟယ့်ယွင်ထင်မှ မြင်ခွင့်မပေးရခြင်းအားနားမလည်သော်လည်း နာခံဆဲဖြစ်ကာ မကြည့်ရှုပေ။
ဟယ့်ယွင်ထင်သည် မည်သည့်အခါမှ ယခုလောက် ထိတ်လန့်ဖူးခြင်းမရှိခဲ့ပေ။ ဤကိစ္စသည် လေးနက်နေ သကဲ့သို့ဖြစ်ကာ သူ့အသံသည်လည်း ယခင်ကထက် ပို၍အေးစက်နေပြီး နေရာတိုင်းတွင် တင်းမာမှုများစွာကို ထုတ်ဖော်နေသည်။
ကူးသုန်းသုန်း နှစ်ကောင်သည် လူ့စိတ်ကို ခန့်မှန်းရန် မည်မျှခက်ခဲသည်ကို မသိသော်လည်း ဟယ့်ယွင်ထင်မှ သူတို့အား ကြည့်နေခြင်းကို စိတ်ကျေနပ်မှုရသွားကြပြီး ခင်မင်ရင်းနှီးမှု၏ သင်္ကေတအဖြစ် ထပ်မံ 'အတုယူ'မှု ပြုလေသည်။
ဟယ့်ယွင်ထင်၏ မျက်နှာက ပို၍ ပို၍ အုံ့မှိုင်းသွားတော့သည် ။
"......"
ကောင်းသည့်အချက်မှာ ဤသတ္တဝါများသည် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိရှိကြပြီး နှစ်ကြိမ်တိုင် သရုပ်ပြပြီးနောက် ၎င်းတို့နှစ်ကောင်သည် အခြားကစားနည်းများဆီသို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကြသဖြင့်နောက်ဆုံးတွင် ဟယ့်ယွင်ထင်သည်လည်း လင်းဟန်၏ မျက်လုံးများမှ သူ့လက်များကို ဖယ်ရှားနိုင်သွားသည်။
လင်းဟန်၏မျက်တောင်များပေါ်တွင် ဟယ့်ယွင်ထင်၏လက်ဖဝါးမှ နွေးထွေးမှု ရှိနေဖြစ်ပြီး အနည်းငယ် တသသဖြစ်ကာ မျက်တောင်ခတ်လိုက်သည်။
" ရပြီ " ဟယ့်ယွင်ထင်က ပြောသည်။
လင်းဟန်က ခေါင်းညိတ်ပြပြီး စူးစူးစမ်းစမ်း လှမ်းမကြည့်ဘဲ ဖြတ်ကျော်သွားရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။
" အရမ်းမြန်တယ် "
လင်းဟန်၏ စကားလုံးများသည် သူ့နှုတ်ခမ်းမှ လွတ်ထွက်သွားပြီး သူ ပြောခဲ့သည့်စကားများက မည်သည့်အဓိပ္ပာယ်သက်ရောက်နေသည်ကို ခဏကြာသည်အထိ နားမလည်ချေ။ ဟယ့်ယွင်ထင်မှ တုံ့ပြန်မလာဘဲ ထိုကြောက်စရာကောင်းသောတိတ်ဆိတ်မှုကို ဆက်လက်ထိန်းသိမ်းလျက်ရှိသည့်နောက်မှသာ သူ့စကား၏အဓိပ္ပါယ်ကို နားလည်သွားတော့သည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း