[Unicode]
"ကဲ ရောက်ပြီမြေးလေ..အဖွားတို့နေတဲ့အိမ်ကို.."
လွန်း သူ့အရှေ့က နှစ်ထပ်အိမ်အကြီးကြီးကို မျက်စိတစ်စုံးလိုက်ကြည့်မိသည်၊၊ခြံကြီးကလည်းအကြီးကြီး ရေကူးကန်တွေနဲ့ ပန်းပင်တွေနဲ့တကယ်ကိုသေသေသပ်သပ်နဲ့ အရမ်းကိုလှပတဲ့အိမ်ကြီးပေါ့.."
လွန်းအထဲကိုဝင်သွားတော့..
"မြေးလေးလည်းပင်ပန်းရောပေါ့..အဖွားဘေးကအခန်းလွတ်တစ်လုံးရှိတယ်အဲ့မှာပဲနေလိုက်နော်.."
"မနေရပါဘူး..."
"ဗျာ.."
"အဖွား သူကဧည့်သည်လေ ပြီးတော့သူအကြောင်းကိုသေသေချာချာမှမသိရသေးတာ.."
"အဲ့တာဆို နင်ကဘယ်မှာသိပ်ချင်လို့တုန်း.."
"အဟမ်..ကျွန်တော်ဘေးအခန်းမှာ.."
"အမလေးနော်..ငါမပြောလိုက်ချင်ပါဘူး..ဧည့်သည်ကိုသိပ်တာကအောက်ထပ်မှာသိပ်လည်းရပါတယ်ဟယ် ..တကူးတက အပေါ်ထပ်မှာသိပ်ဆိုတော့ နင်ရိုးမှရိုးရဲ့လား.."
"အဖွားကလည်း.."
"အဖွားကလည်းလုပ်မနေနဲ့ ကလေးပင်ပန်းနေပြီထင်တယ် အခန်းကိုမြန်မြန်လိုက်ပို့လိုက်.."
"ဟို လွန်းမပင်ပန်းပါဘူး.."
"မပင်ပန်းလည်းလာ.."
လွန်းအရှေ့ကလူကြီးက သူပြောချင်တာတွေပြောပြီ လွန်းလက်ကိုဆွဲကာအပေါ်ထပ်ကိုဆွဲခေါ်သွား၏၊၊
"ဟဲ့ ဟဲ့ ဖြေးဖြေးခေါ်သွားလေ..ဒီမြေးတစ်ယောက်နဲ့တော့လေ.."
"မောင် ဒီနေ့နိုင်ငဲခြားဧည့်သည်တစ်ယောက်နဲ့ချိန်းထားတယ်အဲ့တာကြောင့် ဘားကိုပဲတန်းမောင်းလိုက်.."
"ဟုတ် မမ.."
ကောင်းမြတ် မမပြောတဲ့နေရာကိုရောက်တော့ ကားကိုပါကင်ထိုးကာ မမထွတ်ဖို့ကားတံခါးကိုသွားဖွင့်ပေးလိုက်သည်၊၊
"မမ မောင်လိုက်ခဲ့မယ်လေ.."
"မလိုက်ခဲ့နဲ့တော့နော် ဘာလို့လည်းဆိုတော့ ဟိုကဧည့်သည်ဆိုတော့ စိတ်အနှောင့်အယှက်ဖြစ်လို့မရဘူးလေမောင်ရဲ့.."
"ဒါပေမဲ့ မမဝတ်ထားတာက.."
"တော်ပြီမောင်..မကအရင်တည်းကလည်းဒီလိုတွေဝတ်နေတာပဲလေ..မ သွားပြီး ပြန်ရင်ဖုန်းဆက်လိုက်မယ် အဲ့တော့ကြမှလာကြို.."
"ဟုတ်.."
ကောင်းမြတ်တကယ်တော့ မမကိုတစ်ယောက်ထဲပေးလွှတ်လိုက်တာစိတ်မချဘူး..ဒါပေမဲ့ မ ကထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်တာကြောင့်သူထားရာနေစေရာသွား လုပ်လို့မရ..ဒါပေမဲ့ လွန်းကိုကျ..
"တောက်..ဒီကောင်ကို မ နဲ့ဘာမှယှဥ်စရာကိုမလိုတာ..ဘာနေရာမှသုံးစားမရတဲ့ကောင်.."
ကောင်းမြတ် ဘယ်မှမသွားချင်တာကြောင့်အိမ်ကိုသာတန်းမောင်းလာခဲ့လိုက်တော့သည်၊၊
"ဒီကမင်းနေရမဲ့အခန်း.. ဘေးက ငါရဲ့အခန်း.."
"ဟုတ်..လွန်းသိပြီမလို့ လွန်းရဲ့လက်ကလေးကို.."
စစ်သူ့ရှေ့ကကောင်လေးပြောမှလက်ကိုတစ်ချိန်လုံးကိုင်ထားမိတာသတိရသွားသည်၊၊
"အဟမ်း.. ငါ..ငါသွားပြီ လိုတာရှိရင်လာပြောလို့ရတယ်.ဒါပေမဲ့ ငါအခန်းထဲကိုငါမသိပဲမဝင်နဲ့.."
"လွန်းသိပါပြီ."
စစ် ထိုကောင်လေးအခန်းကထွတ်ပြီး ရင်ဘတ်ကိုသာအသာဖိထားရသည်၊၊ဘာကြောင့်မှန်းမသိဒီကောင်လေးမျက်ဝန်းလေးတွေကသူကိုရုန်းမထွတ်အောင်ညို့ယူနိုင်လွန်းသည်၊၊
လွန်းရှေ့ကမပြေးရုံတစ်မယ်ထွတ်သွားတဲ့လူကြီးကို ကြည့်ကာ..
"ဒီ လူကြီး ရှက်နေတာလား..."
အဆိုးလေးတွေကိုပစ်ထားမိလို့တောင်းပန်ပါတယ်နော်၊၊ လရောင်ငယ်တို့ကိုလည်း upပေးမှာပါ၊၊ ပြီးတော့ သာ" ficကိုသဘောကျပေးတဲ့ကလေးတွေကိုအများကြီးကျေးဇူးတင်ပါတယ်ရှင့်၊၊ နိုင်ငံရေးကဆိုးသထက်ဆိုးနေတာမလို့ ဂရုစိုက်ပြီနေကြပါနော်၊၊

YOU ARE READING
မှားယွင်းခဲ့သောရင်ခုန်သံ [Ongoing]
Romanceကို့ကိုယ်မချစ်တော့တဲ့သူတစ်ယောက်ရှိမှာအချိန်ကုန်ခံမနေပါနဲ့ တစ်ချိန် ချိန်မှာ ကို့ကိုယ်ချစ်တဲ့သူပေါ်လာအုံးမှပါ.. Uke ဖောက်ပြန်ခံရတဲ့fic လေး