အခန်း(၂၈)

7.7K 112 12
                                        

မာန် ဘယ်ကနေဘယ်လို ကုမ္ပဏီကနေ ဒီနေရာကို ရောက်လာမှန်းမသိခဲ့ပါ၊ သူ့ရဲ့ နှလုံးခုန်သံတွေက ရင်ဘတ်ကြီးထဲကနေ အပြင်ကို ပေါက်ထွက်‌လာတော့မလို၊ သူ့ရဲ့ လက်တွေက ဦးနှောက်နဲ့ ဆက်သွယ်မှုပျောက်သွားပြီး သူ့အလိုလို လှုပ်ရှားနေသလို၊ မျက်လုံးထဲမှာ သူ့မိန်းမနဲ့ သူ့သမီးရဲ့ မျက်နှာလေးတွေက လွဲပြီး တစ်ခြားဘာမှ မမြင်နိုင်တော့သလို...

ဘာလို့လဲ ... ဘာလို့ သူမှ ချစ်ရတဲ့ သူတွေ တစ်ယောက်ပြီးတစ်ယောက်ထိခိုက်နေရတာလဲ၊ ဒါက သူ ယောက်ျားကောင်းတစ်ယောက်၊ အဖေကောင်းတစ်ယောက် မဖြစ်နိုင်တဲ့ အတွက် အပြစ်လား၊ ဒါဆိုရင် ဘာလို့ ဖြူနဲ့ သမီးလေးကိုလဲ၊ သူ့အပြစ်တွေကို သူ့ကိုပဲ ဆပ်ခိုင်းလေ ဘာကြောင့် ဖြူနဲ့ သမီးလေးကိုလဲ...

"ကျွန်တော့်မိန်းမနဲ့ သမီးလေးရော၊ သူတို့အဆင်ပြေတယ်မလား၊ အဆင်ပြေတယ်လို့ပြောပါနော် ဆရာမ... ကျွန်တော်တောင်းပန်ပါတယ်!!"

အမောတကောနဲ့ အပြေးရောက်လာပြီး မျက်‌ရည်တွေနဲ့ ကောင်တာရှေ့ရောက်လာတဲ့သူကိုကြည့်ပြီး သူနာပြုဆရာမလေး ပြုံးမှာ စိတ်မကောင်းဖြစ်သွားရသည်။ ဆေးရုံတွေဆိုတာ လူ့အသက်ကို ကယ်ရတဲ့နေရာဆိုပေမယ့် တကယ်ကတော့ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ နေရ ပါပဲ။

"လူကြီးမင်းရှင့် စိတ်အေးအေးထားပါနော် အရင်ဆုံး လူနာရဲ့ နာမည်လေးကို တစ်‌ချက်လောက်ပြောပေးပါဦးရှင့်"

"ဖြူ ... သဒ္ဒါဖြူပါ သမီးလေးနာမည်က လွန်းလရိပ်ဖြူ"

ပြုံး တစ်ချက်စစ်ကာ သွားရမယ့် အထပ်ကို လမ်းညွှန်ပေးလိုက်သည်။

🌻🌻🌻

မာန် အရေးပေါ်ခန်းရှေ့ရောက်တော့ ကောင်မလေးတစ်ယောက် ထိုင်ကာ စောင့်နေသည်ကို ‌ တွေ့လိုက်ရသည်။

"မင်း ဘယ်သူလဲ "

"ကျွန်မက ကိုဂုဏ်ရဲ့ သူငယ်ချင်းပါ။ "

ဟုတ်သားပဲ ၊ ဂုဏ်က သူ့ဆီကို ဖုန်းဆက်ခဲ့တာပဲ...

"လွန်းလေးက သိပ်ပြီး ထိခိုက်မသွားပါဘူး၊ ဒါပေမယ့် ကလေးဆိုတော့ လန့်ပြီး သတိလစ်သွားတာပါ ... အခုလွန်းလေးက ဂုဏ်နဲ့အတူ အထူးခန်းမှာပါ၊ နောက်ပြီး ဇနီးဖြစ်သူကတော့ ... "

ဥပက္ခာတံတိုင်းWhere stories live. Discover now