P-9

1.5K 41 7
                                        

I’m at your feet
Part – 9

မိုးဥတုက ငြိမ်တာမှ အတော်လေးကို ငြိမ်တာပင်။ မတွဲခင်က သတိမထားမိပေမယ့် တွဲတော့ တကယ့်ကို ရေခဲတုံးဆိုတာ သိလာရလေပင်။ စာမေးပွဲကြောင့်‌‌ရော မိုးဥတု နယ်ကားရိုက်ဆင်းသွားတာကြောင့်ပါ မတွေ့ရတာ တစ်ပတ်ကျော်ရှိပြီဖြစ်သည်။ ဒီနေ့က စာမေးပွဲ‌‌ေနောက်ဆုံးနေ့ဖြစ်သလို သူကလဲ ဆုံးဖြတ်ထားသည့်ကိစ္စအား ဒီလူ့ကို ဘယ်လိုပြောရမလဲ ခေါင်းခြောက်နေရသည်။

“ မင်းကို မိုးဥတုက ဆရာဝန်ဖြစ်စေချင်တာ သိတယ်နော် ငစိုင်း။ “
“ သိလို့ စောက်ရမ်းပြောရခက်နေတာပေါ့။ ဒီလူက င့ါကြောင့် ဆေးကျောင်းကို လက်လျှော့ပြီး မော်ဒယ်လိုင်းကနေ ကူးသွားတာလေ။ “
“ သိရင် စိတ်ဆိုးမှာပဲ။ မင်း ..”
“ ငါ စိတ်မပါတာကို အောင့်အီးပြီး ဆက်မလုပ်ချင်တော့ဘူး ဟိတ်ကောင်။ ငါ စီးပွားရေး လုပ်ချင်တယ်။ “
“ ‌အေး...ငါတော့ မြင်ယောင်ပါသေးတယ်။ “

သူ စိတ်ရှုပ်လွန်းတာမို့ ဆံပင်တွေကို လက်တစ်ဖက်ဖြင့် ထိုးဖွရင်း မျက်နှာက မဲ့ရှုံ့နေမိသည်။ ဒီလူ သူ့ကို စိတ်ပျက်သွားမှာတော့ မဟုတ်လောက်ဘူးထင်ပါသည်။ စိတ်ပျက်သွားခဲ့ရင်ရော.....။

“ ကွိုင်ပဲကွာ.....”

ဖုန်းမြည်သံကြောင့် သူ ဖုန်းကို ယူကြည့်လိုက်မိတော့ ထိုလူ့ဆီကမို့ အသာကောက်ကိုင်လိုက်သည်။

“ ဖြေနိုင်ရဲ့လား စိုင်း။ “
“ ဖြေနိုင်တယ်။ “
“  မင်း ဆေးကုတဲ့ပုံစံကို ကိုယ်တကယ်မြင်ချင်နေပြီ။ “

သူ အသံတိတ်သွားရသလို ရင်ထဲ ထိတ်သွားရသည်။

“ ဟိတ်လူ...။”
“ ပြောဗျာ.....။”
“ ခင်ဗျား ဘယ်တော့ ပြန်လာမှာလဲ။ “
“ ကိုယ် နောက်တစ်ပတ်လောက် ကြာဦးမယ်ထင်တယ်။ ဘာဖြစ်လို့လဲ။ “
“ လွမ်းလို့ပေါ့ဗျ......တစ်ပတ်ရှိနေပြီ။ အသံပဲကြားရတယ်။ ခင်ဗျား ဖန်ပေချ့်တွေအတွက်ကျ ပုံတင်ပေးပြီး ကျုပ်အတွက်ကျ မောင့်အတွက် အလွမ်းပြေဆိုပြီးတောင် တစ်ပုံမပို့လာဘူး....ကောင်းသလား ခင်ဗျား။ “
“ ကိုယ်တင်တဲ့ပုံတိုင်းက မင်းကို ရည်ရွယ်တာပဲလေ။ “

သူ ကျစ်ခနဲစုပ်သပ်လိုက်ရင်းမှ...

“ ဟိတ်လူ တော်တော်.....behind the scence ဆိုပြီး တင်တာက ကျုပ်ကိုရည်ရွယ်တာလား...ခင်ဗျား ပေါက်ပန်းလေးဆယ်တွေ လာမပြောနဲ့။ “
“ ဟော...မယုံဘူး မင်းလေးက။ အခု ဘယ်မှာလဲ။ “
“ ဘားမှာ....။ “

💗 I'm at your feet 💗Where stories live. Discover now