I’m at your feet
Part – 8
စိုင်းစွမ်းရည် ကန်တင်းတွင်ထိုင်နေရင်း အကြည့်က တစ်ဖက်ရှုတင်မှ မိုးဥတုဆီ ရောက်နေသလို လူက မကျေလည်ခြင်းအပြည့်ပင်။ သိသာသိစေ မမြင်စေနဲ့စကားဆိုသည့်အတိုင်း မိုးဥတုက တအားဆင်ခြင်သည်။ သူနဲ့ နီးနီးကပ်ကပ်ရှိသည့်အချိန်ဆိုတာ လက်ချိုးရေလို့ပင် ရသလို နှစ်ယောက်ထဲရှိမှ မိုးဥတုက သူ့ကို အဖက်လုပ်တာမျိုးပင်။
အခုလဲ တစ်ဖက်ရှုတင်မှာ ဒါရိုက်တာနဲ့ မင်းသမီးကြားရပ်ပြီး ပျော်တပြုံးပြုံး ပြုံးတမော်မော်ပင်။ ဟိုမင်းသမီးကလဲ မတ်တတ်တောင် ကောင်းကောင်းမရပ်နိုင်ပဲ မှီရပ်ထားတာ မသိရင် သူများဘဲကို သူမှီစရာများ ထင်နေလားမသိ ။ ဒီကနေ ထသွားပြီး ဆောင့်ကန်ထုတ်ရင် စိုင်းစွမ်းရည်တို့က အရိုင်းအစိုင်းဆိုပြီး ဖြစ်ပြန်ဦးမည်။
“ ဟိတ်ကောင် .....မင်းအကြည့်ကလဲ ..”
“ စောက်ရေးကိုမပါတာ....လူကြားသူကြားဆို ငါ့ကို စောက်ဖတ်မလုပ်ချင်ဘူး။ အဲ့ဘဲက ဘာလဲ။ ငါ့ကို ပြန်ချိုးနေတာလား။ “
သူ့စကားကြောင့် နှစ်ကောင်သားက အကြည့်ချင်းဆုံသွားကာ နေနိုင်က သူ့ပခုံးကိုအသာပုတ်ရင်း...
“ မိုးဥတုက နဂိုထဲက အငြိမ်လေကွာ။ ပြီးတော့ သူက နာမည်ကြီးမင်းသား။ သူ့အတွက်လဲ မင်းကြည့်ပေးရမှာပေါ့။ “
“ ငါက ဘာဖြစ်နေလို့လဲ။ ထုတ်မပြရဲရအောင် ငါက ပေါက်လွှတ်ပဲစားမို့လို့လား။ ဆေးကျောင်းသားကွ။ ဆရာဝန်ပဲဖြစ်တော့မယ်။ သူ ဂုဏ်ငယ်စရာ စောက်ကြောင်းကို မရှိဘူး။ “
“ မင်းကလဲကွာ...ဒါပေမယ့်...”
“ တောက်....အဲ့ဘဲနဲ့ ငါနဲ့ တွေ့ဦးမယ်။ “
မိုးဥတု ဒါရိုက်တာကြီးနှင့် စကားပြောပြီးတာနဲ့ ဖုန်းထဲဝင်လာသည့် စာကြောင့် တစ်ချက်ပြုံးလိုက်မိသည်။ ကိုရဲကိုအား တစ်ချက်လှမ်းကြည့်လိုက်တော့ သူ့ကို သဘောပေါက်သလို မျက်စောင်းထိုးကြည့်လာရင်းမှ မေးဆတ်ပြသည်။
မိုးဥတု ကားဆီလျှောက်လာခဲ့သလို ကားထဲဝင်ထိုင်လိုက်သည်နှင့် တည်တင်းနေသည့် စိုင်းမျက်နှာကြောင့် မျက်ခုံးတစ်ဖက်ပင့်မိသွားရသည်။
“ ဘာအလိုမကျသလဲ စိုင်း.....မင်း တစ်ခုခုဖြစ်နေတာလား။ “
သူ့ကို စူးစိုက်ကြည့်လာသည့် စိုင်းသည် မကျေလည်ခြင်းတွေ စုပုံနေသည့်ပုံရသလို သူလဲ ခံစားမိသွားတာမို့ ဘာအမှားလုပ်မိသလဲဟု တစ်နေ့တာကို အပြေးအလွှား စဥ်းစားရပြန်သည်။
YOU ARE READING
💗 I'm at your feet 💗
Romanceချစ်လို့ အလိုလိုက်တာပါဆိုတဲ့ ဆင်ခြေတစ်ခုနဲ့ ခင်ဗျားခြေရင်း ဦးချိုးပေးထားတဲ့ကောင်ပါ....ခင်ဗျားကလွဲရင် တစ်လောကလုံးသိတယ်
