3 U/Z

1K 22 1
                                        

Uni

"အပိုင်း ၃"

"ဘွားဘွား"

မလိခနွယ်သည်  အဘွားဖြစ်သူ အိမ်ထဲဝင်လိုက်သည်နှင့် မင်းခညီ၏ မိခင်သည် မြေးဖြစ်သူကို ဆီးကြိုနေခဲ့သည်။

"အမလေး ဘွားအသက်လေး"

ချွေးမကို မကြည်ဖြူနိုင်သော်လည်း တစ်ဦးတည်းသော ရှိနေသည့် မြေးမလေးကိုတော့ ဒေါ်ဇာခြည်ဦးမှာ ငုံထားမတတ်ချစ်ရှာပါသည်။

"သြော် မင်းလဲ လိုက်လာတာကို"

​ဒေါ်ဇာခြည်ဦး ပြောလိုက်သည် စကားပုံစံက နွယ့် သူမ အိမ်ထဲဝင်လာသည်ကို မကြိုက်မနှစ်သက်သည် ပုံစံဖြစ်နေခဲ့သည်။ နွယ်သည် သူမကို မကြည်ဖြူ မလိုလားသည် ယောက္ခမကြီးကို ပြုံးပြလိုက်ပြီး

"ကျွန်မ လိုက်ချင်လွန်းလို့  လိုက်လာတာ မဟုတ်ပါဘူး အန်တီ။ မလိခက အန်တီအိမ်လာချင်တယ် ဆိုလို့ လိုက်ပို့တာပါ။ ကျွန်မမှာလဲ ကျွန်မ အလုပ်နဲ့ကျွန်မပါ။ သမီး စိတ်ချမ်းသာဖို့ ကျွန်မ လိုက်ပို့ပေးတာပါ"

"မင်းနဲ့ ငါ စကားတွေ အများကြီး မပြောချင်ဘူး သမုဒယနွယ်။ မင်း ကိစ္စပြီးရင် ပြန်တော့"

မျက်နှာတင်းမာကာ နွယ်ကို မလိုလားဟန် ပြနေသော ယောက္ခမကြီးကို မချိပြုံးပြုံးပြလိုက်ပြီး

"ကျွန်မ ပြန်မှာမို့ အန်တီ နှင်စရာမလိုပါဘူးရှင်။ သမီး မေမေ ညနေ လာခေါ်မယ်နော်"

"ဟုတ်ကဲ့ပါ မေမေ"

မလိခ စကားသံ အဆုံးတွင် မလိခကို ကျောခိုင်းထွက်သွားသည် မေမေ့ကို ကြည့်ပြီး  စိတ်မကောင်းဖြစ်ရသည်။ ဟိုအရင်အချိန်က သူမသည် ကလေးအရွယ်ဖြစ်နေသဖြင့် ဘွားဘွားကြီးနှင့် မေမေ ၏ အမြဲဖြစ်နေကျ ပြဿနာကို သတိမထားမိပေ။ ယခုတစ်ကြိမ်မှာတော့ ဘွားဘွားကြီး၏ မေမေ့ကို မလိုလားဟန်ဖြင့် မောင်းထုတ်နေသည့်ကို ကြည့်ပြီး မလိခမှာ အပြစ်ရှိသလို ခံစားလာရသည်။ ဖေဖေသည်လည်း မေမေကို ဒီနောက်ပိုင်း စိမ်းလာသလို ခံစားနေရသလို မေမေသည် တစ်ယောက်ထဲ အထီးကျန်သလို ဖြစ်နေသည်။ မလိခသည်လည်း မေမေထက် အိမ်ပြန်ချိန်မမှန်သည် ဖေဖေကိုသာ တွယ်ကပ်မိနေသဖြင့် ကိုယ့်ကိုယ်ကို စိတ်တိုမိသည်။

သံယောဇဥ်နှောင်ကြိုးWhere stories live. Discover now