Chapter 63
August 02, 2024
👾Chapter 63[မဟုတ်ဘူး၊ သူတို့က မင်းဆီက အနမ်းခိုးယူခဲ့တဲ့ ကိုယ့်ကို အတုခိုးနေတာ]
လင်းဟန်၏လက်ညိုးသည် ၎င်း၏အား ပျော့သောအနွေးဓာတ်နှင့်အတူ ဟယ့်ယွင်ထင်၏နှုတ်ခမ်းထောင့်ကို အသာအယာ ပွတ်ဆွဲသွားသည်။ သူသည် စိတ်ဖတ်စွမ်းရည်ကို ဆုံးရှုံးသွားသော်လည်း ဤအခိုက်အတန့်တွင် ထိုခံစားချက်များကို ထိထိမိမိဘာသာပြန်ဆိုနိုင်ဆဲပင်။
အတိတ်၌ ဟယ့်ယွင်ထင်သည် သူ့အား ဤသို့ နှစ်သိမ့်ပေးလိုခဲ့လျှင်တောင်မှ မည်သည့်အမူအရာပြုလုပ်ရမည်ကို မသိရှိသောကြောင့် ထုံးစံအတိုင်း တင်းမာသည့်မျက်နှာထားနှင့် "ဘာမှမဟုတ်ဘူး " ဟုသာ ပြောနိုင်ခဲ့လိမ့်မည်။ ဟယ့်ယွင်ထင်ကိုယ်တိုင်လည်း သူ့ထံ၌ ထိုကဲ့သို့ စိတ်ခံစားမှုများရှိနေသည်ကို သဘောမပေါက်မိချေ။ လင်းဟန်၏ သတိပေးမှုသာမရှိလျှင် သူက ပြုံးရယ်နေခဲ့သည်ကိုပင် သိမည်မဟုတ်ချေ။
ခေတ္တခန့် ထိတ်လန့်သွားပြီး ရှားရှားပါးပါး ယုံကြည်မှုကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်မိသည်။
"...ကိုယ် မသိဘူး "
လင်းဟန်က သူ့ကို သဘောကျသလားဟု မေးခဲ့သည့်အချိန်ကဲ့သို့ပင်။ သူသည် အရာရာတိုင်းအပေါ် ယုံကြည်မှုလွန်ကဲကာ စိတ်ကြီး၀င်ပုံရသော်လည်း လင်းဟန်နှင့် ပတ်သက်သည့် ကိစ္စများကိုမူ ချိီတုံချတုံဖြစ်သွားမိသည်။ လင်းဟန်က သု့လက်ချောင်းများကို ပြန်ရုတ်လိုက်ပြီး ဟယ့်ယွင်ထင်၏နောက်ကျောထံမှ သူ့မျက်နှာကို အနည်းငယ် မြောက်လိုက်ကာ မည်သည်ကိုမှ ဆက်မပြောတော့ချေ။
ဟယ့်ယွင်ထင်ပြုံးရယ်သည့်အခါ မည်သို့ရှိသည်ကို တခဏခန့် သိချင်မိသွားသော်လည်း သူ့အား ရှက်ကိုးရှက်ကန်းဖြစ်စေမိမည်ကို စိုးရိမ်သဖြင့် ထိုအတွေးကို လက်လျော့လိုက်သည်။
မျက်လုံးဖြင့် မမြင်ရနိုင်သောအပြုံးအား သူ့လက်ချောင်းများဖြင့် ထိတွေ့နိုင်သည်။
သို့ရာတွင် ကူးသုန်းသုန်းနှစ်ကောင်သည် မခံချင်စိတ်ကို စွဲစွဲမြဲမြဲ လိုက်နာကာ တုပနေကြဆဲဖြစ်ပြီး နာကျင်မှုကို မခံစားရသည့်အလား ဖြစ်နေကြသည်။ သူတို့ အတုယူနေသည့် နှစ်ယောက်ထဲမှ တစ်ယောက်က မျက်နှာနီမြန်းကာ ကျန်တစ်ယောက် နှုတ်ခမ်းတွင် အပြုံးတစ်ခုရှိနေသည်ကိုတောင်မှ သတိမပြုမိဘဲ ဆက်လက်အတုယူကာ လေ့ကျင့်နေကြသည်။

YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း