Chapter 61

397 56 0
                                    

Chapter 61
August 01, 2024
👾Chapter 61

[ ကူးလုလုကသာ တစ်ခုတည်းသောမျက်မြင်သက်သေ ]

" ကျွန်တော်တို့ဘယ်တော့ထွက်မှာလဲ "

လင်းဟန်က ပေါ့ပါးသော အပြုံးဖြင့် မေးလိုက်သည်။

ဟယ့်ယွင်ထင်၏ စကားကို ကြားပြီးနောက်တွင် သူသည် ထပ်၍ ကြောက်စရာ မရှိဟု ခံစားလိုက်ရသည်။ အတူလိုက်ပါရန် ဆုံးဖြတ်ပြီးကတည်းက သူ သိရှိခဲ့သင့်သည်။ စစ်သင်္ဘောပေါ်က မည်သူကမှ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ကြချေ။ လုအန်းဟယ်၏ပြောစကားအရ ပြန်မသွားနိုင်သည့်သူ အများအပြားရှိလေသည်။

ဝမ်းနည်းမှုအနည်းငယ်ရှိခဲ့လျှင်တောင် အဆုံးသတ်၌ ဟယ့်ယွင်ထင်ကို မယုံမကြည် မဖြစ်ချေ။ အကယ်၍  သူ့အား ထပ်မံရွေးချယ်ခိုင်းလာမည်ဆိုလျှင်တောင်မှ ထိုကဲ့သို့ ထပ်မံရွေးချယ်မည်သာ ဖြစ်သည်။

ဟယ့်ယွင်ထင်က သူ့ကို တိုက်ရိုက်မဖြေဘဲ မေးခွန်းမေးလိုက်သည်။

" မနက်ဖြန်မနက်ရောက်တာကို စောင့်ပြီး အပူချိန် သိပ်မမြင့်တဲ့ အချိန်ကို ရွေးလိုက်ရအောင်။ မစ္စတာလင်း နည်းနည်း လောက် အနားယူချင်လား "

အမှန်တကယ်တော့ အာဟာရဓာတ်စာများမပါ၀င်လျှင် သူ မည်မျှပင်အိပ်ပါစေ ကွာခြားချက်မရှိချေ။ သို့သော် လင်းဟန်သည် အားအင်များများမရှိ နေသဖြင့်  ယခုကဲ့သို့ သူ့ကိုယ်သူ တစ်ခုခုအတင်းစားသုံးခိုင်းပြီးနောက် သူက အလွန်အမင်း အိပ်ငိုက်လာတော့သည်။

ထို့ကြောင့် သူက ဟယ့်ယွင်ထင်၏ကမ်းလှမ်းမှုကို မငြင်းဆန်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံးမှာ ဆုံးဖြတ်ထားပြီးဖြစ်ပြီး သူသည်လည်း မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လက်ခံနိုင်သည်။ ထို့ကြောင့် အဆုံးတွင် ကောင်းမွန်စွာအိပ်စက်ခြင်းက ပိုကောင်းမွန်သည်။

" ကောင်းပြီ " လင်းဟန် ခေါင်းညိတ်လိုက်သည်။

သူ အနားယူမည့်အချိန်တွင် အသေးလေးကို ထပ်မံ ခြောက်လန့်မိမည်ကို စိုးရိမ်ပြီး ပခုံးပေါ်မှ ညင်သာစွာ မလိုက်ကာ ၎င်း၏အမည်ကို ခေါ်လိုက်သည်။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now