ထိုနေ့ပြီးတဲ့နောက် ငါ့ရဲ့ ညဘက်တိုင်းဟာ မှုန်ဝါးလို့နေသည်။
ငါ့ကိုယ်ငါ ပုံမှန်လုပ်နေကျလို အလုပ်တွေကိုဘဲ ဖိလုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အမြဲတမ်း သူ့ရဲ့ပုံရိပ်တွေဖြင့် နှောင့်ယှက်ခြင်းကိုခံရသည်။
ဒီဖြစ်ရပ်အတွက် ငါ့ကိုယ်ငါ ပြင်ဆင်ထားခဲ့ပြီးသားလို့သတ်မှတ်ခဲ့ပေမဲ့ တကယ်တမ်း ဒီဆုံးရှုံးမှုအတွက် ငါ ဘာမှမပြင်ဆင်ထားခဲ့ပေ။
ငါ သူ့ကိုဆုံးရှုံးသွားခဲ့ပြီ။
ဦးတည်ချက်မရှိ လမ်းမတွေပေါ်လျှောက်သွားရင်း ငါ့ ခြေထောက်တွေဟာလဲ ရည်ရွယ်ချက်မဲ့လာသည်။
နေက ဝင်သွားခဲ့ပြီး ကမ္ဘာကြီးကို အရိပ်တွေဖြင့် ဖုံးလွှမ်းနေပေမဲ့ ကမ္ဘာကြီးက အရောင်မဲ့နေသလို ခံစားရသည်။ကောင်းကင်ရဲ့ တောက်ပသော အရောင်အသွေး၊နွေးထွေးမှု အားလုံးက အဝေးကိုရောက်သွားသလိုဘဲပေ။
ပြီးတော့ ငါ သူ့ကိုတွေ့ရှိခဲ့သည်။
Fourth က ငါတို့ မကြာခဏတွေ့ဖြစ်ခဲ့ကြတဲ့ အိမ်ဟောင်းကြီးမှာ ရှိနေခဲ့တယ်။သူ့ မျက်နှာက မာကျောနေပြီး မျက်လုံးတွေက ကောင်းကင်ကြီးကို လှမ်းကြည့်နေသည်။
ငါ fourth ရဲ့ စိတ်ကို မဖတ်တတ်ပေမဲ့ သူကိုယ်သူ ချုပ်တည်းထားတဲ့ နာကျင်မှုကိုတော့ ငါ မြင်ရသည်။
Fourth ကိုကြည့်နေရင်း ငါ ဘယ်လောက်ထိ အဲ့နားမှာရပ်နေလဲ ဆိုတာ မသိတော့ပေ။
"Fourth မင်းဒီမှာရှိနေတာဘဲ"
ဒီတစ်ခါတော့ fourth က မလန့်နေတော့ဘဲ ဖြစ်နေကျလိုပင် ငါ့ကိုလှည့်ကြည့်သည်။
"ခများလာမယ်လို့ ကျတော်ထင်ပြီးသားပါ"
"ကျတော် မင်းကိုတွေ့ချင်နေတာ...."
"Gemini ဒီလိုလုပ်နေရင် ခများဘဲပိုနာကျင်ရလိမ့်မယ်"
"ကျတော်သိပါတယ် ဒါပေမဲ့ ကျတော်လဲ မတတ်နိုင်ဘူး"
ငါတို့ ခဏလောက် ငြိမ်သက်သွားခဲ့ကြသည်။
"ကျတော် ဒီလိုမဖြစ်စေချင်ဘူး ခများကို မနာကျင်စေဘူး Gemini"

YOU ARE READING
A Dance Beneath The Full Moon[COMPLETE]
Fanfiction"Do you ever wish the world were different?" -Gemini- "I do... but wishing won't change anything" -Fourth- Gemini X Fourth COMPLETE