Part 14 (Final)

18.4K 129 0
                                        

U

Vote လေးတွေအတွက်ကျေးဇူးပါ accထဲကficအသစ်လေးတွေစီလဲအလည်လာခဲ့ပါအုံးရှင်

...

အပိုင်း 14

အောက်ထပ်ကအသံတွေကြောင့်အိပ်ချင်မူးတူးဖြင့်ဂေးရှားဆင်းလာခဲ့သည်၊ ဧည့်ခန်းကဆိုဖာပေါ်တွင်ဒယ်ဒီနှင့်မိန်းမတစ်ရောက်စကားပြောနေကြသည်။

"ကျမရဲ့အမွှေတွေကိုအနည်းငယ်သာမင်းယုကိုပေးနိုင်မယ်"

"မင်းကသားအပေါ်ကိုအရင်ကလဲတာဝန်မကျေသလို အခုလဲမကျေဘူးနော် မင်းကိုနောင်တကောင်းကောင်းရနေပြီလို့ထင်ခဲ့တာ"

"အဟက်! ကျမကသူလိုကောင်တစ်ရောက်ကိုသားအဖြစ်ကိုမခံယူချင်တော့ဘူး နောက်ယောကျားယူပြီးသူ့ထက်ကောင်းတဲ့သားတစ်ရောက်မွေးပြစ်လိုက်မယ်"

ဒေါ်ငွေယုကပြောရင်းဒေါကန်လာသည်၊ ဆိုဖာပေါ်ကပိုက်ဆံအိတ်ကိုကောက်ကိုင်၍ ဟန်ပါပါနှင့်ဦးဝနအား ခနဲ့သလိုအပြုံးနဲ့ကြည့်သည်။

"တောက်စ်!"

ဦးဝနစိတ်တိုတိုနှင့်တောက်စ်တချက်ခေါက်လိုက်သည်၊ ‌သူ့ဒေါသတွေပြန်လျော့လာတဲ့အခါရှေ့တွင်ငွေယုကမရှိတော့၊ ဖင်ကိုကောက်ချိတ်အောင်ထွက်သွားလေပြီ။

"အမ်..ဒယ်ဒီ"

နောက်ကျောဘက်ကအသံသေးသေးလေး..၊ ရုတ်တရက်ပြုံးမိသွားသည်၊ ဒီတစ်လောသူနဲ့ဂေးရှားအတော်လေးတော့အဆင်ပြေလာပါတယ်။

"နိုးနေပြီလား ဒယ်ဒီတို့ကြောင့်အနှောက်အရှက်ဖြစ်သွားတယ်ထင်ပါရဲ့"

"မဟုတ်ပါဘူး နိုးနေကြအချိန်မို့နိုးလာတာပါ"

"အော်"

"ဒါနဲ့..ဆောနကမိန်းမကြီးကဒယ်ဒီရဲ့..၊

"အင်း ဒယ်ဒီ့အရင်မိန်းမ"

"ပြဿနာဖြစ်နေကြတာလား"

"အမွှေကိစ္စပါ ဒီမိန်းမကနောက်ဆုံးထိတောင်အလျော့မပေးဘူး မခံချင်စိတ်ရှိရင်တောင် သားအတွက်ထည့်တွေးသင့်တယ်"

ဒယ်ဒီ့မျက်နှာကအနည်းငယ်ငြိုးသွားသည်၊ ဒယ်ဒီပြောပြလို့သူတို့မိသားစုရေးရာအားလုံးသိပြီးသွားပြီ၊ ဂေးရှားကိုမိဘ‌တွေကလိုလေသေးမရှိထားခဲ့ကြတာမို့ မင်းယုလိုမခံစားဖူးပေမယ့်သူမင်းယုကိုသနားမိပါတယ်။

You've reached the end of published parts.

⏰ Last updated: Jan 26 ⏰

Add this story to your Library to get notified about new parts!

အေးချမ်းသောရပ်ဝန်း {Completed}Where stories live. Discover now