(6)~ : အတန်းရဲ့ ပထမနေရာကတော့ ပါသွားခဲ့ပြီ .. ရုံလေးဘဲ

673 89 4
                                    

(6)~ : အတန်းရဲ့  ပထမနေရာကတော့ ပါသွားခဲ့ပြီ .. ရုံလေးဘဲ

ကျင်းရန် သမ်းဝေလိုက်ပြီး "ဖြစ်နိုင်ခြေ သီအိုရီ" မိတ္တူကို ကိုင်ဆောင်ကာ စာသင်ခန်းမှ ထွက်လာခဲ့တယ်။

"အချိန်က  စောသေးတယ်.. ဂိမ်းတစ်ပွဲလောက် သွားဆော့ပြီးမှ ပြန်သွားကြမလား"

ကျိယွမ်ရှီး: " မင်းမေ့သွားတာလား.. ငါတို့တွေ ရှောင်တိတိတွေကို သွားတွေ့ဖို့ ချိန်းထားတယ်လေ"

ကျန်းရန်: "...မင်း တကယ်ကြီး ဒီလိုမျိုးမိန်းကလေးဆန်တဲ့အရာမျိုး လုပ်မှာသေချာရဲ့လား?"

"ငါတို့က မင်းအတွက် လုပ်နေတာပဲ မဟုတ်ဘူးလား"

ရှန်ကျစ်ရှောင်းက ကျင်းရန်ရဲ့ လည်ပင်းကိုချိတ်တွယ်လိုက်တယ်။

"လာစမ်းပါ.. အတူ ပတ်ကြည့်ရအောင်.. သွားကြည့်ပြီးမှဘဲ သွားကစားကြတာပေါ့"

"သေစမ်း.. ဘယ်သူက သွားချင်နေတာလဲ..."

ကျင်းရန်တစ်ယောက် သူ့ရဲ့ခွေးအခန်းဖော် နှစ်ယောက်ဆီကနေ ကစားကွင်းသို့ ဆွဲခေါ်ခံသွားခဲ့ရတယ်။

မနက်ခင်းနေရောင်ခြည်က အပြင်းထန်ဆုံးအချိန် မဟုတ်သေးပေမယ့် သိပ်ပြီးတော့ အဆင်မပြေလှတော့ဘူး။ ကစားကွင်းက လူတွေနဲ့ ပြည့်နေပြီ။ ကျင်းရန်တို့တွေ ဘတ်စကက်ဘောကစားတဲ့ကွင်းကို မရောက်သေးခင် အချိန်မှာပဲ ကျောင်းသားသစ်တွေက စုဝေးတဲ့ပုံစံ ပေါ်နေခဲ့ပြီ။

လာရောက်တဲ့လူအများစုကတော့ မိန်းကလေးတွေပဲ။ သူတို့တွေက လှပတဲ့ စကတ်တိုတွေကို ဝတ်ဆင်ထားကြပြီး သူတို့ရဲ့ ဆံပင်ရှည်တွေကလည်း တိုက်ခတ်နေတဲ့လေတွေကြောင့်  တဖျပ်ဖျပ်လွင့်နေခဲ့တယ်။ သူတို့တွေက ထီးတွေကို ကိုင်ဆောင်ရင်း ဓာတ်ပုံရိုက်လိုက် စကားပြောလိုက် ရှိနေကြတဲ့ပုံပဲ။

ကျိယွမ်ရှီးက သူ့ရဲ့ညီအစ်ကိုတွေကို သူ့ရဲ့ရည်းစားဆီ ခေါ်သွားပေးခဲ့ပြီးမေးလိုက်တယ်

"ဘယ်လိုလဲ၊ မင်းတွေ့ထားပြီလား"

"တွေ့ပြီ!"

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now