The Weight of Goodbye

395 40 13
                                        

ရာသီဥတုက မပြောင်းလဲတာတောင် နေ့ရက်တွေက ငါ့အတွက် အေးစက်လာခဲ့သည်။

ဒါရဲ့ တရားခံက fourth မရှိခြင်းကြောင့်ပေါ့....

Fourth ရဲ့ ရယ်မောသံတွေ၊ထိတွေ့မှုတွေနဲ့ နွေးထွေးမှုတွေကို ငါလိုအပ်နေတာကြောင့်ဖြစ်တယ်ထင်ရသည်။

ငါ ဘယ်နေရာကိုဘဲသွားသွား ငါတို့နှစ်ယောက် မျှဝေခဲ့ကြတဲ့ ဘဝကိုဘဲ ပြန်လည်မြင်ယောင်လာမိသည်။ငါတို့တွေ့ခဲ့ကြဖူးတဲ့ ပန်းခြံ၊လျို့ဝှက်ချက်တွေကို တီးတိုးပြောခဲ့ကြတဲ့ စာကြည့်တိုက်၊အမြဲတမ်းကဖြစ်ခဲ့ကြတဲ့ အိမ်ဟောင်းကြီး။

လောကကြီးက fourth အား ငါ့ရဲ့အမှတ်တရအဖြစ်သိမ်းထားဖို့ ကြံစည်နေသလိုပင်။ငါ့အဝေးကို သူ ထွက်သွားခဲ့တာတောင်ပေါ့။

ငါ fourth လက်လွှတ်လိုက်ဖို့ကြိုးစားခဲ့ပါတယ်။

ဒါက သူကိုယ်တိုင်လိုချင်ခဲ့တာ၊သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ ငါ့ကိုယ်ငါပြောခဲ့တယ်။

ဒါပေမဲ့ ငါ့မျက်လုံးတွေကိုမှိတ်လိုက်တိုင်း ငါမြင်ရတာဟာ အမှောင်ထုမဟုတ်ဘူး fourth ပါဘဲ...

ရင်းနှီးတဲ့ melody ကိုကြားတိုင်း ချိုမြိန်လွန်းတဲ့ fourth ရဲ့အသံကိုဘဲ ငါ နားထဲကြားယောင်မိတယ်။
______________________________
တစ်ညနေမှာ ငါ fourth ရဲ့ အိမ်ရှေ့မှာ ရပ်နေမိခဲ့သည်။

ပြတင်းပေါက်နားက မီးအိမ်က နွေးထွေးစွာတောက်ပနေသည်။ငါ ဒီနားမှာ မရှိသင့်ဘူးဆိုတာ ငါသိပါသည်။

ဒါပေမဲ့ ငါ အဝေးကို မသွားနိုင်ခဲ့ဘူး....

ငါ အရိပ်ထဲမှာ စောင့်နေခဲ့ပြီး fourth ထွက်လာဖို့ မျှော်လင့်နေမိသည်။နာရီနဲ့ချီကြာသွားတော့ ငါ့ခြေထောက်တွေညောင်းလာကာ ထွက်သွားဖို့ပြင်နေတုန်း အိမ်တံခါးကပွင့်လာသည်။

Fourth ကအပြင်ကိုတချက်ကြည့်ကာ ကောင်းကင်ကြီးကို မော့ကြည့်နေသည်။

လရဲ့အလင်းရောင်က fourth ရဲ့မျက်နှာပေါ်ကျရောက်နေတာကြောင့် သူက တောက်ပနေသည်။fourth ကလှသည်။ထိုအခိုက်အတန့်မှာ ငါ အရာအားလုံးကိုမေ့သွားသည်။

"Fourth"

ငါ နူးညံ့စွာခေါ်လိုက်တော့ fourth ကရပ်တန့်သွားပြီး ငါ့ဘက်ကိုလှည့်လာသည်။

A Dance Beneath The Full Moon[COMPLETE]Where stories live. Discover now