Shadows of What Once was

483 40 6
                                        

အရာအားလုံးဟာ တစ်ရက်တည်းမှာဘဲ ပြောင်းလဲသွားနိုင်တယ်။

Fourth ထွက်ခွါပြီးနောက် နေ့ရက်တွေက အဆုံးမရှိတော့သလို ခံစားရသည်။

အချိန်နာရီတိုင်းက fourth အသံရဲ့ပဲ့တင်သံတွေနဲ့ထိတွေ့မှု တွေဖြင့်ပြည့်နှက်နေသည်။

ငါ အလုပ်တွေကိုဖိလုပ်လည်းဘဲ၊လူတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံလည်း၊ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ အရာတွေကို လုပ်နေတာတောင် fourth ချန်ထားခဲ့တဲ့ ကွက်လပ်ကို ဘယ်အရာကမဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။

ငါ့ နေ့ရက်တွေကို ထုံးစံအတိုင်း fourth နဲ့အတူရှိခဲ့တဲ့ နေရာတွေကိုသွားရင်း ကုန်ဆုံးဖြစ်သည်။

အခုလဲ ငါ..လရောင်အောက်တွင် လမ်းလျှောက်နေမိသည်။

ရပြီ။ဒီနေရာဘဲ..ငါတို့ ပထမဆုံးနမ်းခဲ့တဲ့နေရာ

ငါ့ခြေလှမ်းတွေရပ်လိုက်ပြီး ထိုနေ့က အထိအတွေ့တွေ အမှတ်တရတွေကို မျက်လုံးမှိတ်ကာ ခံစားလိုက်သည်။

ထိုနေရာအနားက ပန်းခင်းကြီးဆီ ငါ့အကြည့်တွေရောက်သွားသည်။နှင်းဆီပန်းတွေက အခုထိပွင့်လန်းနေဆဲဘဲ။အေးမြတဲ့လေတွေနဲ့အတူ သူတို့ရဲ့ ရနံ့တွေက ထူထဲနေသည်။

ငါ နှင်းဆီပန်းကို ခူးရန် လက်ဖြင့်ကိုင်လိုက်တော့ ဆူးတွေက ငါ့လက်ကို ဆူးလေ၏။

လှပလွန်းတဲ့ အရာတစ်ခုက ငါ့ကို ဘယ်လောက်ထိ နာကျင်စေလဲဆိုတာ အမှတ်ရစေသည်။
______________________________
ရက်အနည်းငယ်အကြာမှာ fourth ကို လမ်းရဲ့ စုဝေးနေကျနေရာမှာ ထပ်၍တွေ့ခဲ့သည်။

လူအုပ်ရဲ့ ထောင့်စွန်းမှာ သူဟာရပ်နေခဲ့ပြီး အပြုံးတုကို ပြသနေသည်။fourth ရဲ့ ပုံစံက သူအဲ့ဒီမှာ မရှိချင်ဘူးဆိုတာကို ဖော်ပြနေသည်။

ငါ သူ့ဆီကိုသွားချင်တယ်။ငါ fourth ကိုဖက်တွယ်ပြီး ပြန်လာပေးပါ လို့တောင်းဆိုလိုက်ချင်ပေမဲ့ ဒါတွေက မလွယ်ကူဘူး ဆိုတာငါသိသည်။

"Gemini"

သူ့ဘက်ကနေ ငါ့ကိုစတင်ခေါ်ခဲ့သည်။

ငါ သူ့ကိုလှည့်ကြည့်လိုက်တော့ fourth ကငါ့ရှေ့မှာရပ်နေပြီး ညဘက်တွေမအိပ်ရလို့ ပင်ပန်းနေပုံရသည်။

A Dance Beneath The Full Moon[COMPLETE]Where stories live. Discover now