အခန်း(၂၇)

8.9K 139 5
                                        

"သူ့ဘက်ကတော့ ဝန်ခံလိုက်ပြီပဲ။ ကျွန်တော်တို့အနေနဲ့ ဥပဒေအရ အပြစ်ပေးနိုင်ဖို့ အသင့်ဖြစ်နေပါပြီ "

မာန် သူ့ရှေ့က အဏ္ဏဝါရဲ့ စကားကိုနားထောင်ပြီး အဝေးတစ်နေရာကို ဆွေးဆွေးမြည့်မြည့် စိုက်ကြည့်မိလိုက်သည်။ နောက်ဆုံးတော့ မိုးနဲ့ သမီးလေး သေဆုံးမှုကို မျှတမှု ရှာပေးနိုင်ခဲ့ပြီ။ ဒီအမှန်တရားက သူ့ရဲ့ ရင်ကိုတော့ အတော်မွန်းကြပ်စေခဲ့ပါသည်။ တစ်ဖက်မှာ သူဟာ မိုးအတွက်ရော သမီးလေးအတွက်ပါ တာဝန်မကျေခဲ့သလို
နောက်တစ်ဖက်မှာ လွန်းလေးအတွက်ရော ဖြူ့ပတွက်ရော ယောက်ျားကောင်းတစ်ယောက် အဖေကောင်းတစ်ယောက် မပီသ နိုင်ခဲ့တာကိုး။ သူဟာ အမှန်တရားကို မတွေ့မြင်နိုင်တဲ့ အထိ မျက်ကန်းဖြစ်နေခဲ့တာလား၊ ဒီတစ်ချိန်လုံး သူဘာဖြစ်လို့ မိုးတို့ရဲ့ သေဆုံးမှုကို သံသယမဝင်ခဲ့တာလဲ။ အခုဝောာ့ အရာအားလုံးပြီးဆုံးသွားပြီ၊ သူ့စိတ်ထဲက အတိုင်းဆို ဥပဒေဘောင်အပြင်ဘက်ကနေ အပြစ်ပေးချင်ပေမယ့် လွန်းလေးတို့ သားအမိကလည်းရှိနေသည်မို့ စိတ်လျှော့ထားရသည်။ ညီမလေးကိုယ်တိုင်ကလည်း အဲ့လိုလုပ်ဖို့ နားချလာသည်မို့လည်းပါသည်။





"လွန်းလေး မေမေ့လက်ကို ဆွဲထားနော်"
ဖြူ  ကိစ္စလေးတစ်ခုရှိလို့ သမီးလေးကို ခေါ်ကာ အိမ်ကနေထွက်လာခဲ့သည်။ သမီးလေး အဘွားဖြစ်သူက အိမ်က ဒရိုင်ဘာကို လိုက်ပို့ခိုင်းသော်လည်း သူမအကြောင်းနဲ့သူမမို့ ငြင်းခဲ့တာ မှားမည်တော့မထင်။ သမီးလေးရဲ့အဖေကတော့ မနေ့က သူမကို အိမ်ကိုပြန်လာထဲက သူမရဲ့အရိပ်အခြေကို ကြည့်ကာ နေနေပေမဲ့ သူ့ရဲ့ စိတ်မပျော်ရွှင်မှုကို သူမခံစားမိနေသည်။ သူမအနေနဲ့လည်း ကိုယ့်ကိုယ်ကို သေချာပြန်ဆန်းစစ်ကြည့်တော့ တစ်ကိုယ်ကောင်းဆန်မိတယ်လို့ခံစားလာရသည်။ သူမ အနေနဲ့ ဒီလို ဘဝမျိုးမှာ ပျော‌်နေမိတော့ သူမအတိတ်က လုပ်ခဲ့တဲ့ အမှားကိုတောင် သတိမေ့သွားစေသည်။ သူမသာ ထိုနေရာမှာရှိမနေခဲ့ရင်ဆိုတဲ့ အတွေးက မာန့်အတွက် သူမရဲ့ အချစ်တွေကို ညှိုးငယ်သွားစေသည်။ မာန်တို့ရဲ့ အိမ်ပေါ်ကို ရောက်ကတည်းက မလုပ်ဖြစ်ခဲ့တဲ့ အရာတစ်ခုကို ရင်ဆိုင်ရန် သူမဆုံးဖြတ်လိုက်သည်။ အဲ့တာကတော့ သေလွန်ပြီးတဲ့ မာန့်ရဲ့ ဇနီးဟောင်းကို ရင်ဆိုင်ဖို့ပါပဲ၊ သူမကိုတွေ့ပြီး တောင်းပန်စကားဆိုမည်ဟု ဖြူ့စိတ်ထဲရည်ရွယ်လိုက်သည်။

ဥပက္ခာတံတိုင်းWhere stories live. Discover now